วันพุธที่ 28 กันยายน พ.ศ. 2554

အပျော်တွေဘယ်မှာပုန်းနေလဲ


       နတ်ဆိုး ၃ ယောက် ကလူတွေရဲ့ အပျော်တွေကို လာရောက် ခိုးယူသွားတယ် ၊ ရသွားတဲ့ အခါမှာတော့ ဘယ်မှာ ပုန်းထားကြရင် ကောင်းမလဲလို့ တိုင်ပင်ကြတယ်။ ပထမ နတ်ဆိုးကတော့ “ကမ္ဘာကြီးရဲ့ အမြင့်ဆုံး တောင်ပေါ်မှာ သွားပုန်း ထားသင့်တယ်” လို့ အကြံပေးတယ်။
        
  ဒုတိယ နတ်ဆိုးကတော့ “သူငယ်ချင်း လူတွေက အမြင့်ကို မကြောက်ဘူးနော့်၊ အသက်ရှုမ၀ မှာသာ ကြောက်တာ၊ ကြည့်ပါလား ရေလေးငုတ်ရင် ခဏလေးနဲ့ ၀ူးဝူးဝါးဝါး ပြန်တက်လာတာ၊ အဲ့ဒါ အသက်ရှုမ၀ မှာ ကြောက်တာပေါ့၊ တောင်အမြင့်က ရာသီဥတုလဲ ကောင်းတယ်၊ ဒါကြောင့်လဲ လူတွေ တောင်ပေါ်တက်ကြတာ၊ လည်ကြတာပေါ့ ၊ရေအောက် နက်နက်ထဲ သွားထား ကြတာပေါ့ကွာ” လို့ပြန်ပြောတယ်။
   
တတိယ နတ်ဆိုးက ငြင်းတယ် “ခုခေတ်လူတွေက သိပ်တော်ကြတယ်၊ စက်ပစ္စည်းတွေ လုပ်ပြီး ပင်လယ်ထဲလဲ အသက်ရှု နေနိုင်ကြတာပဲ၊ ရေအောက်သွားပြီး တောင်ပစ္စည်းတွေ ရှာနိုင်ကြ သေးတယ် ၊ ရှာတွေ့ သွားပါအုံးမယ်ကွာ။ ဒါပေမယ့် မင်းတို့သတိထားမိကြလား၊ လူတွေမှာ အပြင်ကိုသာ ကြည့်တတ်ကြ တာ၊ ဘေးက ပြောတာတွေပဲ နားယောင်တတ်ကြတာ၊ အပြင်ကိုပဲသွားလည်တတ်ကြတာကြည့်ပါလား ဒို့တွေသူတို့စိတ်ထဲသွားပုန်းထားကြမယ်လေ၊ သေချာတယ် ၊ လူတွေရှာတွေ့မှာမဟုတ်ဘူး၊ ဘာကြောင့်လဲ ဆိုတော့ လူတွေက သူတစ်ပါးရဲ့ အပြစ်ကိုပဲမြင်တတ်ကြတယ်၊ ကိုယ့်နဲ့အသွင်မတူရင် လဲမနှစ်သက်ဘူး၊ ကိုယ့်စိတ်ကိုလဲပြန်မဆန်းစစ်တတ်ကြဘူးလေ။
    
တတိယ နတ်ဆိုး ရဲ့စကားလုံးကို အားလုံး သဘောတူကြတယ်။ အဲ့ဒီအချိန်ကစပြီး လူတွေဆီကခိုးလာတဲ့
အပျော်တွေကို လူတွေရဲ့စိတ်ထဲမှာ ပဲပုန်းထားလိုက် ကြတော့တယ်။ လူတွေရဲ့အ ပုံများကတော့ အပျော်သွားရှာ ကြတယ်တဲ့၊ တောင်တန်းတွေပေါ် ၊ ကမ်းခြေတွေ ၊    ရေအောက် ၊ ဘယ်လောက်ပဲရှာရှာ မတွေ့ကြဘူး၊ အမြဲတမ်းပဲမှားလာကြတာက အပြင်မှာထွက် အပျော်ရှာကြတာပေါ့။
    
    အပြင်မှာ ဘယ်လောက်ပဲ အပျော်ရှာရှာ၊ ဘယ်လိုရှာရှာ ၊ စိတ်ကတော့ငြိမ်သက်မှု မရှိဘူး ၊ဘာကြောင့်လဲ ဆိုတော့ အပျော်အစစ်မှန်က ကိုယ့်စိတ်ထဲမှာသာ ရှိလို့ပေါ့။
                                                            http://www.marymagz.com

0 comments:

แสดงความคิดเห็น

จำนวนการดูหน้าเว็บรวม

 
Copyright (c) 2010 ပိတောက်. Design by WPThemes Expert

Themes By Buy My Themes And Web Hosting Reviews.