วันพุธที่ 14 กันยายน พ.ศ. 2554

ဂျော့ခ်ျ နှင့် Jaguar


  လွန်ခဲ့သော (၁၀) နှစ်က ပေါ့။ ဂျော့ခ်ျ လို့ခေါ်တဲ့ စီးပွားရေး အောင်မြင်တဲ့ လူငယ်တစ်ယောက်က ချီကာဂို 

လမ်းတွေအတိုင်း ကားမောင်း လာခဲ့တယ်။ သူ့ကားက ၀ယ်ထားတာ မကြာသေးတဲ့ ဂျာကွားအနက် (XKE)  

E- Type 16 ဒါကြောင့်လဲ အပြင်းမောင်း လာခဲ့တာပေါ့။
  
 ကားမောင်းရင်း  ဘေးက ပြေးထွက်လာနိုင်တဲ့ ကလေးတွေကိုတော့ သတိထား ရတာပေါ့။ ဘေးမှာ ရပ်ထား တဲ့  ကားတွေလဲ ရှိတာကိုး၊ ခြေလေးနှစ်ချောင်း ရုတ်တရက် ထွက်လာတာ တွေ့တော့ သူ့ကားကို အရှိန်လျှော့ လိုက်တယ်။ ဒါနဲ့တောင် သူ့ကားအဖြတ်မှာ ရပ်ထားတဲ့ ကားနှစ်စင်းကြားက ခြေထောက်နှစ်ချောင်းက ထွက်လာပြီး သူ့ကားကို အုတ်ခဲနဲ့ပေါက်လိုက်တာသူ့ဘေးတံခါးကို ပြင်းပြင်းထန်ထန် ထိသွားရောတဲ့။
   
 တုန့်ကနဲ ကားရပ်လိုက်ပြီး နောက်ပြန်ဆုတ်လိုက်တယ်၊ သူ့ကားကို ကျောက်ခဲနဲ့ ပေါက်တဲ့နေရာ ရောက် တော့ ကားပေါ်က အလျင်စလို ဆင်းလိုက်ပြီး ကလေးကို ဆောင့်တွန်းလိုက်တယ်။  ဘာလို့ငါ့ကားကိုခဲနဲ့ ပေါက်တာလဲ ဘာဖြစ်လို့လဲ  လို့ ဒေါသကို မထိန်းနိုင်ပဲ ထပ်အော်တယ်။မင်းသိလား၊ ဒီကားက ဂျာကွားကွ၊ ငါ့ရဲ့ကားအသစ် မင်းခဲနဲ့ပေါက်တာ ဒီမှာ ချိုင့်သွားပြီ၊ မင်းလျော်ပေးရမယ်။

ကျွန်တော် တောင်းပန်ပါတယ်၊ ဘာလုပ်ရမှန်း မသိလို့ပါ၊ကောင်လေးက တိုးလျှိုး တောင်းပန်လိုက်တယ်၊
ကျွန်တော်ခဲနဲ့ ပေါက်ရတာက ဘယ်သူမှ ကားရပ်ပြီး ကျွန်တော့်ကို မကူကြလို့ပါ  လို့ပြောရင်း မျက်ရည် လည်ရွဲနှင့် ကားဘေးသို့လက်ညိုး ထိုးပြလိုက်တယ်။

ကျွန်တော့်အကို လက်တွန်းလှည်း (၀ှီးချဲလ်)ပေါ်က ပြုတ်ကျလို့ပါ၊ ကျွန်တော်သူ့ကိုမ မနိုင်လို့ပါကလေးငယ်က ရှိုက်လို့ ထပ်ပြောပြန်တယ်၊ ကျေးဇူးပြုပြီး ကျွန်တော့်အကို ကိုလှည်းပေါ် တွန်းတင် ပေးမယ် ဆိုရင် ကျွန်တော် ကျေးဇူး အရမ်းတင်ပါတယ်၊ တအားလေးလို့ကျွန်တော်မ လို့မရလို့ပါဗျာ

ဂျော့ခ်ျ တွေသွားတယ်၊ စိတ်ထဲကလဲ တုန်လှုပ်သွားတယ်၊ မှောက်လဲနေတဲ့ လှည်းကို ထောင်ပေးလိုက်ပြီး ကားဆီကို ဖြေးဖြေးချင်း လှည့်ပြန်သွားတယ်၊

ဂျော့ခ်ျ သူ့ကားကိုမပြင်ခဲ့ဘူး၊  ဒါကသူ့ကို သတိပေးနေတဲ့ အရာအဖြစ် အမှတ်ရအောင် ထားလိုက်တယ်။
သူတပါးက ခဲနဲ့ပေါက်ပြီး ကိုယ့်ကိုယ် ရပ်တန့်စေလောက်အောင် ဘ၀မှာ လောစရာ မလိုပါဘူး။
                                                              
                            
                                                                                    တန်ဖိုးရှိသောအသိဥာဏ်မျိုးစေ့စာအုပ် မှ

0 comments:

แสดงความคิดเห็น

จำนวนการดูหน้าเว็บรวม

 
Copyright (c) 2010 ပိတောက်. Design by WPThemes Expert

Themes By Buy My Themes And Web Hosting Reviews.