ဘုရားသခင်မရှိဘူး
အသက်လေးဆယ် အရွယ် မိန်းမတစ်ယောက်က ဘုရားကျောင်းသွားဖို့ အိမ်ကထွက်လာခဲ့တယ်။
လမ်းလျှောက်လာရင်းနဲ့ ဈေးတစ်ခုကို ဖြတ်ခဲ့တယ် ၊ ဒီအချိန်မှာ ဈေးသည်တစ်ယောက် ဟင်းရွက် ခါ လိုက် တာကြောင့် သူ့ကို ရေတွေစင်သွားတယ် ။
စိတ်ဆိုးတာနဲ့ ကြမ်းကြမ်းရမ်းရမ်း ပြောပစ်ခဲ့တယ်၊ ဈေးထဲက အထွက်မှာတော့ သူတောင်းစား တစ်ယောက်နဲ့ ဆုံပြန်ရော ၊ “ မနေ့ကတည်းက ထမင်းမစားရ လို့ပါ၊ ငွေစလေးများ သနားပါ” လို့တောင်းသတဲ့၊ ဒါကိုလဲ ဘာမှမကူညီပဲ လျစ်လျူရှု လိုက်တယ် ။
မီးပွိုင့်မှာ လမ်းဖြတ်ကူးဖို့ လုပ်နေတဲ့ အဘိုးအို ၊ အဘွားအို (၂) ဦးကို တွေ့ပြန်ရော၊ လက်ကလေး ဆွဲပြီး မကူတဲ့အပြင်၊ ကူရမှာစိုးလို့ သူတို့နဲ့ဝေးရာ မှာရပ်လိုက်တယ်၊
ဘုရားကျောင်းရှေ့ ရောက်တဲ့အခါမှာတော့ ဘုရားကျောင်း တံခါးတောင် မဖွင့်သေးဘူး၊ ကလေး တစ်ယောက် (ဘုရားသခင် ပို့လိုက်တဲ့နတ်သား) တံမြက်စည်း လှဲနေသတဲ့၊ “ဘယ်သူ့ကို လာရှာပါသလဲ ခင်ဗျာ” “ဘုရားသခင်ကို လာရှာတာ” လို့ပြန်ဖြေတဲ့ အချိန်မှာ နတ်သားက အကယ်၍ လမ်းတလျှောက်မှာ ဘုရားသခင်ကို မတွေ့ခဲ့ရင် ဒီမှာလဲ မတွေ့နိုင်ပါဘူးလို့ ပြောပြီး ပျောက်ကွယ် သွားပါတော့တယ်။
Fr. MI ၏ စာပိုဒ်တိုမှ
0 comments:
แสดงความคิดเห็น