วันอาทิตย์ที่ 2 ตุลาคม พ.ศ. 2554

ကိုယ့်ထဲမှာရှိတဲ့ ကိုယ့်အတွက်မကောင်းတဲ့ အုတ်ခဲ ၂ တုံး


          ကိုယ့်ထဲမှာရှိပြီးကိုယ့်အတွက်မကောင်းတဲ့ အုတ်ခဲ ၂ တုံး
  
                 အရမ်းခေါင်ပြီး ခြောက်သွေ့တဲ့ နေရာမှာ သီတင်းသုံးနေတဲ့ ဘုန်းတော်ကြီး တစ်ပါးဟာ ကိုယ်တိုင်ပဲကျောင်းဆောက်နေသတဲ့။ ဘုန်းကြီးအမြင်မှာ အုတ်ခဲစီ၊ ဘိလပ်မြေထည့်ရုံ  လေးများ မခက် ပါဘူးလို့ထင်တယ်။ ဒါပေမဲ့လက်တွေ့မှာ အုတ်ခဲတွေအားလုံး ဘယ်လိုညီအောင် လုပ်ရမလဲဆိုတာက ခက်နေတယ်။
   
                တံတိုင်းစလုပ်တယ်၊ ပြီးမှအလယ်မှာရှိတဲ့ အုတ်ခဲ ၂ တုံးက မညီတာတွေ့လိုက်တယ်၊ အုတ်ခဲ ၂ တုံး က အပြင်ကို တခြားအုတ်ခဲတွေ ထက်ပိုထွက်နေတယ်။ အသုံးစားရိတ်က ကြီးတာကြောင့် ပြန်ပြင်ဖို့လဲခက် နေတယ်။

                  ဒကာတွေကျောင်းလာရင် တံတိုင်းကအုတ်ခဲကိုလူတွေစိုက်ကြည့် နေတာတွေ့ရင် ရှက်နေမိတယ်။ တစ်ရက်မှာတော့ အသက်အတန်ကြီးတဲ့ လူကြီးရောက်လာပါရော၊ တံတိုင်းကိုတွေ့တော့  “တံတိုင်းကလှ တယ် လို့ ချီးမွမ်းလိုက်သတဲ့၊” ဘုန်းကြီးက အလန့်တကြား ပြန်မေးလိုက်တယ်၊  “မျက်မှန်တပ်ဖို့များ မေ့လာသလား ဒကာ ၊ မညီတဲ့အုတ်ခဲ ၂ တုံး ကြောင့် တံတိုင်းက ကြည့်လို့မလှဘူး” လူကြီးပြန်ပြော တာကတော့ “ဘုန်းကြီးရဲ့
အမြင်တွေပြောင်းသင့်ပြီ၊ ဟုတ်တယ် ဒီမညီတဲ့ ကျောက်ခဲ ၂ တုံး ကိုတွေ့သားပဲ၊ ဒါပေမယ့်လဲ ညီနေတဲ့ ၉၉၈ တုံး ကိုလဲ တွေ့တာပဲတဲ့။” ဘုန်းကြီးငြိမ်သွားတယ်၊ နှစ်တွေကြာမှ ပထမဆုံး တွေ့ဖူးသလို ကြည့်မိတယ်၊ မလှတဲ့ အုတ်ခဲ ၂ တုံး ကြောင့် လှတဲ့ ၉၉၈ တုံး ရဲ့ အလှကို မတွေ့ခဲ့ဘူး၊ ခုတော့လဲ ဒီ ပိုထွက်နေတဲ့ ၂ ခဲ
ကြောင့် ပြဿနာဖြစ်တာ၊ အကျည်းတန်တာ မရှိတော့ဘူး။
           
              လူတွေမှာ ဘယ်နှစ်ယောက်လောက် သူငယ်ချင်းတွေ၊ မောင်နှမတွေ ကို ဒီမလှတဲ့ အုတ် ၂ ခဲ ကြောင့် အဆက်အသွယ် ဖြတ်ခဲ့တာ ရှိနေကြမလဲ၊ ကောင်းတဲ့အုတ်ခဲ ကိုဘာလို့မမြင်ကြတာလဲ၊ ကောင်းတာကို မြင်ရက်နဲ့ မကောင်းတာကိုသာ ကြည့်တတ်ကြတာ ဘယ်လောက်ဝမ်းနည်း စရာကောင်းလဲ၊ ဒါနဲ့ပဲ အမြဲတမ်း
လှပတဲ့ တံတိုင်းကို ဖျက်ဆီးမိခဲ့ကြတယ်။                                  
                                                                                      www.pattanakit.net


0 comments:

แสดงความคิดเห็น

จำนวนการดูหน้าเว็บรวม

 
Copyright (c) 2010 ပိတောက်. Design by WPThemes Expert

Themes By Buy My Themes And Web Hosting Reviews.