ဘယ်တစ်ယောက်ကမှ လူ ၁၀ ယောက်စာထက်ပိုမချက်ဖူးတော့ ဝက်သားကနဲနဲငန်သွားပါတယ်၊ ဒီတဒယ်သိပ်မငန်တော့သလိုပဲလို့ပြောတော့ မဖြစ်နိုင်တာ မြည်းရင်းလျှာ ထုံသွားတာနေမှာပေါ့လို့ပြောလို့ ရီလိုက်ရတာ။
၁၅ ကီလို ကြော်ပြီးတော့ ဒယ်အိုး က ဒီလို အရောင်ပြောင်းသွားပါတော့တယ်။တော်ပြီကွာ ၊ ခရီးလဲထွက်ရအုံးမယ်၊ မနက်ဖန် ရေထဲသွားရမှာပဲ ၊ငါရေမချိုးတော့ဘူးလို့ပြောလို့ ထအော်ပါတယ်။ အခန်းပြန်ရေချိုးနဲ့ ည ၉ နာရီကျော်မှ ချင်းမိုင်က ထွက်ပါတယ်၊ နာရီဝက်ပဲနားတယ်၊ ၄ နာရီကျော်မှာ စင်ဘူရီ (ဘန်ကောက်နဲ့ ၂ နာရီလောက်ဝေးသော) ရောက်ပါတယ်၊ ဆရာဝန်က အသက် ၉၀ကျော်ပါပြီ၊ ရင်ကျပ် ပန်းနာတွေ ကင်ဆာသမားတွေ ပျောက်တယ်ပြောပါတယ်၊ နေရာ အရပ်ရပ်က ဝေလီဝေလင်းလာတန်းစီပါတယ်၊ ဆေး တခါထိုးတာက ၂၀၀၀ ဘတ်ကျပါတယ်၊ မော်ထေဝဒါ( နတ်ဆရာဝန်) လို့တင်စားကြပါတယ်၊ တိုင်းရင်းဆေး ဆရာပါတဲ့။ လူမစည်ကားသင့်တဲ့ အရပ် လူစည်တာမကောင်းပါဘူး၊ Pris က ၄ ကြိမ်မြောက်မို့ တန်းစီစရာမလို့တော့ပါဘူး။
PRISCRILLA ဆေးသွားထိုးနေတုန်း အသားတွေ အိပ်ထဲထည့်ပါတယ်။
ဆေးထိုးခဲ့ပြီ။
ဘေးပတ်လည် တွေကြည့်လိုက်တိုင်း ပင်လယ်ပြင်လိုပါပဲ။
မပြီးသေးတဲ့ အသားတွေ ကားစီးရင်း ထည့်ရပါသေးတယ်။
ဘေး တဖက်မှာ ကားတွေရပ်ထားတယ်၊ အိမ်ပြန်မရသူနဲ့ အလှုခံမဏ္ဍပ်တွေ အများကြီးပါ။
လေယဉ်တွေလဲ ရေ ထဲမှာပဲရှိနေသေးတယ်။
အမြန် တံတားဖြတ်ခ တွေဈေးတက်တယ်၊ ခါတိုင်း ၄၀ ဘတ်ပါ၊ တချို့နေရာက တော့ ပုံမှန်ဈေးပါ။
သူတို့ ကျောင်းနေဖက်သူငယ်ချင်းတွေ လဲ စနေနေ့ တိုးသွားလှုတာကြောင့် သွားပေါင်းပါတယ်။
ကားကြီးကပေါ်ကို ပြောင်းထည့်ကြတယ်၊ ရီစရာ တစ်ခုက ချင်းမိုင်က သွားသူတွေက ကောက်ညှင်းတဲ့ ဝက်သားကျော်တဲ့( ကုန်စို) ဘန်ကောက်က လူတွေက ဆန်၊ ရေဗူး (ကုန်ခြောက်)၊
ဒါကသဘောတရားပါ၊ ရေတွေနံ၊ အိမ်ထောင် ပရိဘောက တွေ ပျက်စီးလို့ပုံထားတာတွေလဲ နေရာတော်တော်များများပါ။
ထိုင်းတွေခေါ်တဲ့ Big Bag
ဒီတပတ် ငါတို့ထီထိုးမယ်လို့ပြောပြီးရိုက်ခဲ့တဲ့ နံပါတ်ပြားတွေပေါ့။
ရေတွေက ကျသွားပြီဆိုပေမယ့်လဲ သွားလာရေးခက်တုန်းပါ၊ ခြောက်တဲ့နေရာတွေ တော့ ရေကျလို့ကျန်ခဲ့တဲ့ ဖုန်တွေက တသောသော...... ဆက်ပါ့မယ်။
3 comments:
နဂိုအတိုင်းတော့ဘယ်ဖြစ်အုန်းမလဲနော်
မြင်ကွင်းကြည့်ရတာစိတ်မချမ်းမြေ့ပေမဲ့လဲ ပိတောက်တို့အလှူကို
ကြည်ရတာ စိတ်ရွှင်လန်းရပါတယ်
ခင်ခင်မင်မင် jasmine
ပိတောက်တို့ အလှူကြည့်ရတာ ကြည်နူးစရာပါပဲ
ပျက်စီသွားတဲ့ အရာတွေ ပြုပြင်ဖို့တော့ စောင့်ရမှာပေါ့နော်
သာဓု သာဓု သာဓု ပါဗျာ။
แสดงความคิดเห็น