วันศุกร์ที่ 25 พฤศจิกายน พ.ศ. 2554

ခýာကိုယ်ပေါ်ကအပိုပစ္စည်း


                                      ýာကိုယ်ပေါ်ကအပိုပစ္စည်း
            ýာကိုယ်ရဲ့ အပိုပစ္စည်း တစ်ခုကို ဒီနေ့မှာတပ်ဆင်ပါတယ်၊ အစိတ်အပိုင်း အနေနဲ့ ခွဲပြောရရင်နှစ်ခုပါ။ လေးလံလှတာ မဟုတ်ပေမယ့် မွေးရာပါကိုယ်ýာနဲ့ အတူတဖြည်းဖြည်း ကြီးထွားလာတဲ့ပစ္စည်း မဟုတ်တော့နေရခက်ပါတယ်။
           
            ခýာကိုယ်ရဲ့ တစ်နေရာမှာဒဏ်ရာရရင်စိတ်ထဲကအဲ့နေရာကိုပဲအာရုံရောက်နေသလိုမျိုး ဒီအပိုစ္စည်း ကလဲဒီသဘောပါပဲ၊ နေမထိ ထိုင်မသာဆိုပါတော့။
        
             နာမည်ခေါ်သံကြားလို့ ဝင်သွားပါတယ်၊ ထိုင်ခုံမှာထိုင်လိုက်တော့ လျောင်းအိပ်ဖို့ နှိမ့်ချပေးပါတယ်။ လှဲကတည်းက အသက်အောင့်ထားမိသလိုဖြစ်ပြီး ကိုယ့်ကိုယ်ကို ခဏခဏ သတိပေး စိတ်လျှော့ ပြီး အသက်ပုံမှန်ပြန်ရှုရပါတယ်။

         ကိုယ်ကသာ ဘုရားတပြီး နေရပေမယ့် ၊ ဆရာဝန်မလေးကတော့ နေ့ခင်းစာ ဘာစားရမလဲဆိုတာကို သူ့အကူနပ်စ်လေးနဲ့ တိုင်ပင်နေတာ၊ ဘယ်ဆိုင်ကဝယ်မယ်၊ သူ့ဆိုင်ကကောင်းတယ်နဲ့၊ အိုး.. လက်ကငြင်သာလို့ပဲတော်တော့တယ်၊ လက်ကချွန်ထက်တဲ့ အရာတွေကိုင်ထားတဲ့ လူတစ်ယောက်က ထမင်းစားရေသောက်ပြောနေလိုက်ကြတာ၊ ကိုယ့်တစ်သက်မှာထိပ်ဆုံးပေမယ့် သူ့လက်ထဲမှာ ဘယ်နှစ်ယောက်မြောက်ပြုလုပ်သွားခဲ့ပြီလဲ မသိနိုင်အောင် သွေးအေးလှပါတယ်။

      မိနစ် (၂၀) လောက်မှာ ၂ ဖက်လုံး ပြီးသွားလို့တော်ပါသေးတယ်၊ သြော်.. ပြောရအုံးမယ်၊ အပိုကစ္စည်း ဆိုတာက သွား ပါ၊ သွားဖာတာပါ၊ပါးစပ်ကြီးဟပြီး သူတို့ပြုသမျှ နုရတာလဲ တော်တော်ခံရခက်ပါတယ်။

              ဒါက ဒုတိယအကြိမ်မြောက် ဆေးခန်းရောက်ခြင်းပါ၊ လဆန်းပိုင်းတုန်းက သွား သွားခြစ်ပါတယ်၊ တခြားဆေးခန်းပါ၊ အချိန်ပိုင်းလာတဲ့ ဆရာဝန် မနဲ့ နပ်စ် က အပေးအယူ မမျှ၊ ဒါကြောင့် အလုပ်ကမတွင်၊ ဆရာဝန် က သူကိုင်နေကျမဟုတ်တဲ့ ပစ္စည်းတွေနဲ့ အကျွမ်းမဝင်၊ သူတို့ချင်းတိုက်မိလို့ ပြောသံနဲ့ ၊ လက်လွဲလုပ်မလားလို့လဲ နပ်စ် ကိုမေးနေသံလဲကြားပါတယ်၊ အဓိက က သွားဖာဖို့သွားတာဖြစ်ပေမယ့် သွားအရင်ခြစ် ပေးပါတယ်၊ (၃) ပတ်လောက် နေပြီးမှလာဖို့ထပ်ချိန်းပါတယ်၊ စိတ်ထဲက ချိန်းတာဝေးလှချည်လားလို့ထင်နေတာ သူ့လက်သူသိသလိုပါပဲ၊ တစ်နာရီနီးပါး ခြစ်လိုက်တဲ့ သွားကြောင့် သွားဖုံးတွေလဲရောင်ပြီးအပူတွေပေါက်သလို ပါးစပ်ထဲ ၃ ၊ ၄ ဖု ကပျောက်ဖို့ ၂ ပတ်နီးပါးကြာခဲ့ ပါတယ်၊ ဒီဆရာဝန် နှစ်ယောက် ရဲ့ တူညီတဲ့မှတ်ချက်က အပေါ်သွားတွေချွန်လွန်းတာကြောင့် အောက်သွား ချိုင့်ရသွားရတာပါတဲ့။

               သွားဖာတာဖြစ်ဖြစ် ၊ ခြစ်တာဖြစ်ဖြစ် ၊ အပ်တွေ၊ အချွန်တွေသုံးပြီးလုပ်ရတာပါပဲ၊ ခက်တာက တခြားဒဏ်ရာတွေလိုမဟုတ်ပဲသွားရည်တွေကပြည့်လာပြီးမျိုမရ၊ ဘာမရနဲ့ သူတို့သာသတိတရ စုပ်ပေးဖို့ ကြံ့ကြာနေရင်လဲ အရမ်းနေရခက်ပါတယ်။

         လူတွေမှာ ကိုယ်တိုင်မခံစားဖူးရင်၊ မနာကျင်ဖူးရင် မသိပါဘူး ဆိုပြီး ကိုယ့်ဝေဒနာ ကိုရှေ့တန်းတင် ပြီးငြီးတွားလေ့ရှိပါတယ်၊ ဒါကလဲ ကိုယ့်ကိုယ်ကို ပိုချစ်မိတာ၊ သနားမိတာကြောင့်ဖြစ်မှာပါ၊ အဲ့လိုခံစားဖူးမှ သိမှာပါ ဆိုတဲ့ ဝေဒနာ မျိုးတွေလဲ မခံစား ရဖို့ ဆုတောင်းပါတယ်။

            တဆက်တည်းမှာ လူတွေရဲ့ အပိုပစ္စည်း တပ်ဆင်တာတွေကိုလဲ တွေးမိပါတယ်၊ နာကျင်တယ်၊ ပိုက်ဆံကုန်တယ်၊ အချိန်ကုန်တယ်၊ အညှော်ရှောင်ရမယ်၊ ခဏခဏ ပြန်ခွဲစိတ်ရမယ်၊ အခန့်မသင့်ရင် ပျက်ဆီးမယ်၊ အိုး.. ရလာမဲ့နောက်ဆက်တွဲတွေက မရေတွက်နိုင်အောင်ပါပဲ။

           ဘာလို့ဘုရားပေးတာနဲ့ မတင်းတိမ် ရောင့်ရဲကြတာလဲ၊ ကိုယ့်ကို နာကျင်စေ အောင်ခွဲစိတ်၊ ဖြတ်တောက်နေရတာလဲ၊ ဘာလို့ အပိုတွေ ထပ်ဖြည့်ချင်ကြတာလဲ၊ နာကျင်ပါစေ လှရင်ပြီးရောလား၊ ရှိတာဖြတ်၊ မရှိတာဆက် မနာကြဘူးတဲ့လား။

          တစ်ခါကထိုင်းသတင်းမှာထွက်တဲ့ (၁၇) နှစ်နှစ် သားလေးက (၁၆) ခေါက် တောင်ခွဲစိတ်ခဲ့ ပြီးပါပြီတဲ့၊ ပိုက်ဆံက ဝက်ဆိုဒ် လုပ်ရင်းရပါတယ်တဲ့၊ ကြောက်စရာကောင်းလိုက်တာ၊ လက်ထဲပိုက်ဆံရှိတာနဲ့ ဘာဆိုးကျိုးမှ စဉ်းစားမနေပဲ လုပ်တာ၊ မိဘ မသိဘူးလားဆိုတော့ မျက်နှာရောင်တဲ့အချိန် မှာ တစ်ခုခု ဖြစ်တာလို့ ရွေးဖြေခဲ့သတဲ့၊ မိဘနဲ့ သားသမီးကြား ကွာဟမှုကလဲ ဒီပြဿနာတွေဖြစ်နိုင်ပါတယ်၊ ဒါကလဲ ပိုက်ဆံရှိတဲ့လူတန်းစားတွေမှာသာဖြစ်လေ့ရှိတာပါ၊ ဆင်းရဲတဲ့သူတွေမှာတော့ ရှာဖွေစားသောက် နေရတာနဲ့ ဘယ်လိုမှဒီဖက်ကိုလှည့်နိုင်မယ်မထင်ပါဘူး၊ ဟော.. ပြောရင်း တောင်ရာက်မြောက်ရောက်တွေဖြစ်ကုန်တော့မယ်။

              ဆရာဝန် မက အံဆုံး သွားတွေနုတ်ဖို့ အကြံပေးပါတယ်၊ သွားတိုက်တာမရာက်နိုင်တာ၊ သန့်ရှင်းဖို့ခက်တာတွေကြောင့်နုတ်ခိုင်းပါတယ်တဲ့၊ ဒေါက်တာအောင်ကျော် ဆောင်းပါးတွေဖတ်မိထားတဲ့ကိုယ်က ဒီစကားတစ်ခွန်းကို အသေမှတ်ထားပါတယ်၊ မလိုအပ်ပဲ သွားတွေမနုတ်ပေးပါဘူးတဲ့၊ ဘေးကသွားတွေ ယိုင်လာမှာကော၊ သွားတုဆိုတာ နဂိုသွားလောက်မကောင်းတာမို့ မတတ်သာမှသာနုတ်ပေးပါတယ်ဆိုတာပေါ့၊ ဆရာကသွားပိုးတွေကိုရည်ရွယ်ပြီးပြောတာ၊ ကြား ထဲက သွားကိုပြောတာပါ၊ ကိုယ်ကလိုရာဆွဲတွေးတာပေါ့။

         မနာကျင်၊ မကိုက်ခဲပဲလဲ သွားအကောင်းလေးချောင်းလဲမနုတ်နိုင်ပါဘူး၊ ýာ ကိုယ်ကို ဘယ်အပိုပစ္စည်းမှလဲ မတင်ချင်သလို၊ ဖြတ်၊ ခွဲစိတ်၊ ဟိုဖြည့်၊ ဒီဖြည့် ပိုက်ဆံချမ်းသာတောင်မလုပ်ဘူးဟေ့၊ နောက်တစ်ခေါက်လဲ မလာတော့ဘူးလို့ အော်ပြောခဲ့တယ်၊ စိတ်ထဲကပါ။                                                                                           

2 comments:

jasmine(တောင်ကြီး) กล่าวว่า...

တစ်ကယ်လိုအပ်လို့ဖြစ်ပါလိမ့်မယ်နော်
မလိုအပ်ရင်တော့ သူတို့ကလဲ အချိန်ကုန်ခံပြီးမလုပ်ခိုင်းဘူးထင်တာပဲ
ရောဂါတစ်ခုကိုမွေးမထားပါနဲ့ သိသိချင်းကုပါနော်အဲတာအကောင်းဆုံးပါပဲ
ကိုယ်ချင်းမစာလို့ပြောတာမဟုတ်ဘူး-ရောဂါတွေနဲ့ ကြီးပြင်းလာရလို့ပါ
ချစ်ချစ်ခင်ခင် jasmine

လွင်ပြင်လှိုင်းငယ် กล่าวว่า...

နုတ်လိုက်တာကောင်းမယ်ထင်တယ်နော်

แสดงความคิดเห็น

จำนวนการดูหน้าเว็บรวม

 
Copyright (c) 2010 ပိတောက်. Design by WPThemes Expert

Themes By Buy My Themes And Web Hosting Reviews.