วันจันทร์ที่ 14 พฤศจิกายน พ.ศ. 2554

အတုံ့အလှည့်


                                   အတုံ့အလှည့်
              
            တခါက အိမ်တစ်အိမ် မှာ အဖေရယ်၊အမေရယ်၊ သားတစ်ယောက် ရယ်အဘွား ရယ်နေထိုင် ကြတယ်။အဘွားကတော့ အိုမင်း အားနည်း ပြီဖြစ်လို့ ဘာကိုင်ကိုင်လက်မမြဲလှဘူး။ လက်ကတုန် နေတာကြောင့် ပစ္စည်းတွေကိုင်ဖို့ခက်ပြီး ခဏခဏလဲ လွတ်ကျ တတ်တယ်။
            အထူးသဖြင့် မိသားစုတွေထမင်းဝိုင်းစားချိန်မှာ ထမင်းပန်ကန်ကိုင်ဖို့တောင် ခဲယှဉ်းလှပါတယ်။ လက်ကတုန်နေတာကြောင့် ထမင်းတွေက အမြဲတမ်းစားပွဲမှာ ပြန့်ကျဲလေ့ရှိတယ်။ ဒါကြောင့်ချွေးမကအ ဘွားကြောင့်စိတ်ရှုပ်လေ့ ရှိတယ်။ သီးမခံနိုင်တာကြောင့် ခင်ပွန်းဖြစ်သူနဲ့ တိုင်ပင်တယ်၊ရှင့်အမေ ထမင်းစားတာ ပွကျဲနေတာပဲ၊ ထမင်းတောင်မျိုမကျဘူး၊ သီးမခံနိုင်တော့ဘူးလို့ဆိုတယ်။ သူ့အမေ လက်တုန် တာသူကလဲ ဘာမှမတတ်နိုင်ဘူးလေ။ ရက်အနည်းငယ် အကြာမှာတော့ သူ့ခင်ပွန်းကို ထပ်ပြောပြန်ရောတဲ့ရှင်ဘာမှ မလုပ်တော့ဘူးလား၊ ဖြေရှင်းဖို့ မကြိုးစားတော့ဘူးလား၊ ကျမ တကယ်ပဲ သီးမခံနိုင်တော့ဘူးလို့ ရန်တွေ့သတဲ့။
            ဒီမှာတင် ခင်ပွန်းသည်က သူ့မိန်းမကို လိုက်လျောပြီး ထမင်းစားချိန်ရောက်တော့ သူ့အမေကို တခြားစားပွဲမှာ စားစေတယ်၊ အဘွားကပန်းကန် ခဏခဏ လုပ်ခွဲတဲ့ အကြောင်းပြချက်နဲ့ အပေါစားတွေနဲ့ထည့်ကျွေးတယ်၊ ထမင်းစားဖို့ရောက်လာတဲ့ အဘွားက အရမ်းဝမ်းနည်းသွားတယ်၊ အဘွား ကိုယ်၌ ကမှ သူ့လက်တွေမတုန်အောင် မထိန်းနိုင်တာ ဒီကိစ္စကို ဘယ်လိုရှင်းရမှာတဲ့လဲ။ အရမ်းပူဆွေးတဲ့ အဘွားက အတိတ်ကို သတိရသွားတယ်၊ သူ့သားကို မငြီးမငြူ စောင့်ရှောက်လာရတာ၊ နေမကောင်းချိန်မှာ ပြုစုလာရတာတွေ၊ သားရဲ့ပြဿနာတိုင်း ကူညီဖြေရှင်း ပေးခဲ့တာတွေကို ပြန်သတိရပြီး ခုလို မသန်စွမ်းချိန်မှာ စွန့်ပစ်ခံရတဲ့အတွက် အရမ်းဝမ်းနည်းမိတယ်။
              ရက်တွေကြာသွားလဲ အဘွားမှာတော့ ပူဆွေးလျက်ပဲ၊ မျက်နှာပေါ်မှာ အပြုံးတွေလဲ ပျောက်ကွယ်ခဲ့ပြီ၊ အဘွားကို စောင့်ကြည့်နေမိတဲ့  မြေးက အဘွားကိုလာနှစ်သိမ့်ရှာတယ်၊ အဘွားကို အဖေနဲ့ အမေ ဒီလို လုပ်လို့ အဘွားစိတ်ဆင်းရဲနေတာ မြေးသိပါတယ်၊ ဒါပေမယ့် စိတ်မပူပါနဲ့ အဘွားရယ်၊ မြေးလေးမှာ အဘွားမြေးတို့နဲ့ အတူထမင်းတဝိုင်းထဲ ပြန်ထိုင်စားနိုင်မယ့် နည်းရှိပါတယ်အဘွားရဲ့ စိတ်ထဲမှာ မျှော်လင့်ချက်လေးတောက်ပသွားတယ်၊ မြေးလေးကိုဘယ်လိုလုပ်ရမလဲလို့အားတက် သရောမေးလိုက်တယ်၊ဒီနေ့ ညစာစားချိန်မှာ ထမင်းပန်ကန် ကို လွတ်ချလိုက်သိလားနားထောင်နေတဲ့ အဘွားအံ့အားသင့်သွားတယ်၊ မြေးလေးက ထပ်ပြောတယ်။မြေးပြောသလိုလုပ်ပါ၊ ကျန်တာမြေးတာဝန်ထားလို့ထပ်ပြောတယ်။
              ညစာစားချိန်ရောက်တော့ မြေးလေးဘာအစီစဉ်ရှိမှန်း မသိပေမယ့် ပြောသလိုလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်၊ ထမင်းပန်းကန် ကိုမ ပြီး မသိမသာလွတ်ချလိုက်တယ်၊ ချွေးမက ဆူဖို့ထလိုက်တာ သူ့အရင်သူ့သားလေးက ထလာပြီးအဘွား ဘာလို့ပန်းကန်တွေလုပ်ကွဲ ပြန်ပြီလဲ၊ အမေ အသက်ကြီးလာရင် အမေ့ကို အဲ့ပန်းကန်နဲ့ ထည့်ကျွေးမလို့ပါဆို၊ အဘွားလုပ်ခွဲတော့ အမေဘာနဲ့စားရမှာလဲ၊ အသုံးကိုမကျဘူးလို့ထပြောလိုက်တယ်၊ သားရဲ့စကားကြောင့် အမေမှာ မျက်နှာပျက်သွားပြီး ဘာမှပြောမထွက်နိုင်တော့ဘူး။
              သူမရဲ့လုပ်ရပ်က သူ့သားကို နမူနာ ဖြစ်စေခဲ့ပြီ၊ သူလုပ်သလို သူ့ကိုပြန်လုပ်တော့မယ်ဆိုတာ သိပြီး အရမ်းလဲ ရှက်၊ နောင်တလဲရလိုက်တယ်။ အဲ့ အချိန်လေးက စပြီး အဘွားဟာ မိသားစုနဲ့ ထမင်းတူတူ ပြန်ဝိုင်းစား လာရတော့တယ်။
                                           www.tamdee.multiply.com

4 comments:

သမီးစံ กล่าวว่า...

အရမ်းကောင်းတဲ့.ဆောင်းပါးလေးပါပဲပိတောက်ရေ
မြေးလေးကလည်း..ဥာဏ်ကောင်းလိုက်တား)
မျှဝေပေးတဲ့အတွက်..ကျေးကျေးပါ
ဒီလိုချွေးမမျိုးကို..အတုမယူပဲ
ဝေါင်ဝေါင်ရှေးထားသင့်တယ်နော်း)
လေးစားလျှက်

မေသိမ့်သိမ့် ကျော် กล่าวว่า...

မြေးလေးက သိပ်သိတတ်တာပဲ။ အမြော်အမြင်ရှိတယ်။ မိဘကိုတောင် ပြန်ဆုံးမနိုင်တယ်။ ချွေးမဆိုးမဖြစ်အောင် ကြိုးစားရမှာပေါ့။


ခင်တဲ့
မေသိမ့်

jasmine(တောင်ကြီး) กล่าวว่า...

ပိတောက်ကစာရေးကောင်းတယ်ဟေ့ နာတို့ရေးတတ်ဝူးနော်
ကဗျာတွေပဲ နဲ့ ကြောင်တွေခွေးတွေပဲရတယ်ဟီး
အဲဒီလိုချွေးမ မဖြစ်စေနဲ့နော်။
ခင်ခင်မင်မင် jasmine

mstint กล่าวว่า...

ကြိုတင်ပြီး သံဝေဂရခြင်းဟာ နောင်တကို ဟန့်တားစေတယ် ပိတောက်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

แสดงความคิดเห็น

จำนวนการดูหน้าเว็บรวม

 
Copyright (c) 2010 ပိတောက်. Design by WPThemes Expert

Themes By Buy My Themes And Web Hosting Reviews.