အလယ်တန်း တုန်းက ဆရာမတစ်ယောက်က အနံ့တွေနဲ့ပတ်သက်ပြီး မွှေးတဲ့ အနံ့နဲ့ နံတဲ့အနံ့ ဘယ်ဟာကသန့်ရှင်းတဲ့ အနံ့လဲလို့ကျောင်းခန်းထဲမှာမေးဖူးတယ်။ ကောင်းကောင်းမှတ်မိတာကတော့တတန်းလုံးနီးပါးအမွှေးနံ့လို့အော်ကြတာမှတ်မိတယ်၊ ဆရာမက ဘာအနံ့မှမရှိတဲ့ အနံ့ကမှသန့်ရှင်းတဲ့အနံ့၊ လတ်ဆတ်တဲ့အနံ့လို့ အဖြေပေးခဲ့တာလဲမှတ်မိနေသေးတယ်။
၁၉၈၉ - ၁၉၉၀ လောက်တုန်းက ရေမွှေးဘောလ်ပန် ဆိုတာတွေပေါ်ပါတယ်၊ နှင်းဆီနံ့၊ စံပယ်နံ့ တွေတော့ကောင်းကောင်းမှတ်မိပါတယ်၊ တခြားအနံ့တွေတော့ မသုံးခဲ့လို့မမှတ်မိတော့ပါဘူး၊ ဒီနှစ်မျိုးကလဲလူသုံးများခဲ့တယ်ထင်ပါတယ်။
လူတိုင်းကအနံ့ဆိုးတွေကိုမနှစ်သက်ပါဘူး၊ ရေမြောင်းပုတ်နံ့၊ အညစ်အကြေးနံ့၊ အသားပုပ်နံ့၊ ဟင်းရွက်ပုပ်နံ့၊ စသည်ဖြင့်ပေါ့၊ ဒီအနံ့တွေက ကျန်းမာရေးနဲ့မညီညွတ်ဘူးဆိုတာလဲသိကြပါတယ်။
နောက်တစ်မျိုးက သဘာဝအပင်ကအနံ့ ညမွှေးပန်းနံ့၊ ယုဇန ( တချို့ကတော့ အရမ်းကြိုက်ကြပါတယ်)၊ ဆောင်းတွင်းမှာပွင့်လေ့ရှိတဲ့ သဘာဝပင်မြင့်ပန်း (ချင်းမိုင်မှာသာတွေ့ဖူးတာပါ)၊ အဆုပ်လိုက်ပွင့်ပါတယ်၊ အနံ့တွေစူးရှလွန်းတာကြောင့် အရမ်းကိုစိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။
မကောင်းတဲ့အနံ့ကလူကိုစိတ်အနှောင့်ယှက်ပေးနိုင်သလို မွှေးတဲ့အနံ့တွေကတော့ လူကိုစိတ်ကြည်နူးစေပါတယ်၊ ခုခေတ်မှာတော့ အမွှေးနံ့သာနဲ့လုပ်တဲ့ဖယောင်းတိုင်တို့၊ ပန်းပေါင်းစုံတွေနဲ့ရေချိုးတာတို့၊သဘာဝအသီးနံ့နဲ့လုပ်တဲ့ အဝတ်ဗီဒိုထဲထည့်တဲ့ အမွှေးတုန်းခဲတို့၊ အခန်းထဲဖျန်းတဲ့ဆေးတို့၊ ကားထဲထည့်တဲ့ရေမွှေးခဲတို့၊ စပါးလင်နဲ့လုပ်တဲ့ခြင်နှင်ဆေးတို့၊ မန်ကျည်းသီးဆပ်ပြာ၊ သဘောင်္သီးဆပ်ပြာ၊ ပျားရည်နဲ့လုပ်တဲ့ဆပ်ပြာ စသည်ဖြင့် အမျိုးစုံလင်အောင်ထုတ်လုပ်ကြပါတယ်၊ အနံ့လေးကသင်းရုံလေးနဲ့အာနိသင်လဲရှိတာမို့ လူကြိုက်များပါတယ်။
တချို့တွေက ပန်းပွင့်တွေနဲ့ ပန်းရနံ့တွေနဲ့ မုန့်လုပ်တယ်၊ အဖျော်ရည်လုပ်ပါတယ်၊သင်းရုံလေးပဲဆိုရင်စားလို့ကောင်းပေမဲ့ ၊ များလွန်းရင်လဲ မုန့်အရသာပျက်စေပါတယ်။
တခါတလေမှာလူတွေကထွက်တဲ့ချွေးနံ့၊ ဆိုးရွားတာကသူတို့ကိုယ်၌က သူ့အနံ့ထွက်မှန်းမသိပဲ ဘေးကလူတွေမှာ ခေါင်းကိုက်မတတ်ခံစားရတာပဲ၊ ဒီလိုကိစ္စမျိုးက ပြောတော့လဲ သူရှက်သွားမလားပဲ လို့အားနာနေတာနဲ့ပဲ ပြောမထွက်ကြဘူး၊ အဲ့ထက်ဆိုးတာက အမွှေးနံ့သာတွေသုံးဖို့တားမြစ်ထားတယ်ဆိုတဲ့တယူသန်ဘာသာရေးသမားတွေပါ။
အနံ့အသက်ကြိုက်တဲ့လူတွေထဲမှာထူးထူးခြားခြား ဓါတ်ဆီနံ့ကြိုက်တဲ့သူကိုတွေ့ဖူးသလို၊ ကိုယ်တိုင်မသောက်ပဲဆေးလိပ်နံ့ကြိုက်တယ်ဆိုတဲ့လူတွေလဲတွေ့ဖူးပါတယ်။
ဆေးလိပ်ကိုသောက်သူက အငွေ့ကိုမှုတ်ထုတ်ပေမဲ့ ဘေးကလူတွေက မသောက်ပဲ မထင်မှတ်ပဲရှုမိတတ်တယ်၊ ရှောင်မရအောင် ဆေးလိပ်သောက်သူတွေရှိတဲ့ဘေးပတ်ဝန်းကျင်မှာနေရတာဆိုးပါတယ်။ ဆေးလိပ်ကကျန်းမာရေးကိုထိခိုက်စေနိုင်ပါသည်ဆိုလဲမမှု၊ မိခင်ဆေးလိပ်သောက်ရင်မွေးလာမဲ့ကလေးကအဂါင်္မစုံဖြစ်တတ်တယ်ဆိုလဲမကြောက်၊ စီးကရင်ဗူးတွေမှာ သွားတွေပျက်ဆီးတဲ့ပုံတွေအဖုံးမှာပြထားလဲမကြောက်။ သောက်သူသာဖြစ်ရင်ဘာအရေးလဲ၊ တချို့များကားတဖက်မောင်းပြီး လက်တဖက်ကအပြင်ထုတ်ပြီးကားမောင်းသေးတာ၊ ဆိုင်ကယ်မောင်းသူတချို့ကလဲ မောင်းရင်းတန်းလန်း လက်ထဲစီးကရက်နှင့် ၊ တလမ်းထဲသွားရမယ်၊ ကိုယ့်ဆိုင်ကယ်ကသူတို့ နောက်မှာဖြစ်နေမယ်ဆိုရင်တော့ စီးကရက်နံ့ရှုပြီးလိုက်ပေရာ့၊ ခေါင်းနောက်ပေရော့၊ ဘေးပတ်ဝန်းကျင်ကိုဂရုစိုက်ရမှန်းမသိတတ်တဲ့၊ မလေးစားတဲ့လူတွေရှိသရွေ့တော့ရောဂါလဲရမှန်းမသိရနိုင်တာပဲ။
အနံ့ကလူတွေရဲ့စိတ်ကို၊လူကိုလန်းဆန်းစေတယ်၊ စိတ်ညစ်ညူးစေတယ် ဆိုရင် အနံ့ရဲ့လူတွေအပေါ် သြဇာသက်ရောက်မှုကြီးပါတယ်။
သင့်အနေနဲ့ရော ဘယ်လိုအနံ့တွေနဲ့ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကိုသြဇာသက်ရောက်စေမှာလဲ။
3 comments:
နေတအားပူနေတဲ့အချိန်
ဖုန်မှုန့်တွေပေါ်ကို.မိုးရွာချတဲ့အခါ
ထွက်လာတဲ့..မြေသင်းရနံ့ဆို.
အားကြီးကြိုက်ပါတယ်း)။
ကိုယ့်အနံ့ကတော့..
အပြင်ပန်းကြည့်ရင်သိပ်မသဲကွဲဘူး
တကယ်တန်းပေါင်းကြည့်မှ.
သေသေချာချာ.ကွက်ကွက်ကွင်းကွင်းနဲ့
ရှင်းရှင်းလင်းလင်း
ရတဲ့အနံ့မျိုးပါး))။
ပိတောက်လည်း.ပျော်ရွှင်ချမ်းမြေ့ပါစေရှင်
လေးစားလျှက်
jasmine ကတော့ စံပယ်ရနံ့လေးကိုလဲကြိုက်တယ်မြေသင်းနံ့လေးလဲ
ကြိုက်တယ်...အနံ့အပြင်းတဲ့ အရာတွေကိုကြိုက်တယ်
ချစ်ချစ်ခင်ခင် jasmine
တီတင့်ရဲ့ အနှစ်သက်ဆုံးအနံ့က သင်းပျံ့တဲ့အနံ့
မနှစ်သက်ဆုံးအနံ့က ဆေးလိပ်မီးခိုးနံ့ပါ ပိတောက်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
แสดงความคิดเห็น