วันศุกร์ที่ 28 ตุลาคม พ.ศ. 2554

ချင်းမိုင်မြို့လေးရဲ့ မသွားချင်တဲ့လမ်း

   ချင်းမိုင်မြို့လေးရဲ့မသွားချင်တဲ့လမ်း

ဟိုစုစု ဒီစုစုနဲ့
လာခေါ်မဲ့သူ စောင့်နေတဲ့သုတွေ
ထိုးရပ်လာမဲ့ကား ကိုယ့်နဲ့သင့်တော်မလား
ဈေးမေး အလုပ်မေးနဲ့
ပျားပန်းခတ် မနက်ခင်းလှုပ်ရှားနေရဲ့။

တရိပ်ရိပ် နေမြင့် ကျိုးတိုးကျဲတဲ
သစ်ရိပ်ဝါးရိပ်ခိုရင်း
ကားရပ်ရင်အပြေးသွား
ကိုယ့်ကိုယ်များခေါ်လေမလားပဲ။

အလုပ်ရှာသူနဲ့ အလုပ်သမားသိတဲ့
ဒီစုရပ်လေးထဲ ရဲတွေလဲသိသတဲ့
အခန့်မသင့်ရင်ဝင်ဆွဲ
အလုပ်အစား ချုပ်မိမှာ
စိုးတာကြောင့် ဒရောသောပါး
ဦးတည်ရာပြေးကြရသေးတာလား။

ညနေစောင်းလုပြီ
အချိန်ကုန် လက်ပန်းကျ
ဘယ်နေရာမှ အသုံးမကျသူလို
ရုံးဆင်းသူတွေ ကျောင်းဆင်းသူတွေ
ကားတွေရှုပ်ရှက်ခတ် အဓိပါယ်မဲ့ငေးရင်း
 အိမ်အပြန်မျှော်နေမဲ့
ယုံကြည်ချက် မျက်ဝန်းတွေအတွက်
ခံစားချက်မဲ့စွာနဲ့
သူပြန်သွားခဲ့ပြီ။

နေ့စားအလုပ်ရှာသော LOTUS PLAZA (ခမ်းထရင့်) လမ်းကလေးပေါ်မှမြန်မာ့နေ့စား အလုပ်သမား အားလုံးရဲ့ကိုယ်စား

2 comments:

စံပယ်ချို กล่าวว่า...

အလုပ်ရှာသူနဲ့ အလုပ်သမားသိတဲ့
ဒီစုရပ်လေးထဲ ရဲတွေလဲသိသတဲ့
အခန့်မသင့်ရင်ဝင်ဆွဲ
အလုပ်အစား ချုပ်မိမှာ
စိုးတာကြောင့် ဒရောသောပါး
ဦးတည်ရာပြေးကြရသေးတာလား။

မလေးရှားလိုပါပဲလား.....

လွင်ပြင်လှိုင်းငယ် กล่าวว่า...

အော် ဘ၀ ဘဝ

แสดงความคิดเห็น

จำนวนการดูหน้าเว็บรวม

 
Copyright (c) 2010 ပိတောက်. Design by WPThemes Expert

Themes By Buy My Themes And Web Hosting Reviews.