วันศุกร์ที่ 21 ตุลาคม พ.ศ. 2554

အရင်တုန်းကနဲ့ အခု


                                              အရင်တုန်းက နဲ့ အခု
စာအုပ်များ

         ငယ်ငယ်တုန်းက ကာတွန်း၊ရွှေသွေး၊ တေဇ နဲ့ မိုးသောက်ပန်း တွေ ဖတ်ပြီးရင် ပြီးရော ဝတ္တုတွေ ဖတ်ခါစလဲ စာအုပ်တွေဆိုတာ သိမ်းထားရတဲ့ အရာတွေ၊ တန်ဖိုးထားရတဲ့ အရာတွေလို့ မထင်ခဲ့ဘူး။
စာပေကောင်းတွေ ဖတ်တတ်လာတဲ့ အချိန်မှာတော့ တစ်ခါဖတ်ပြီး ထပ်ဖတ်ချင်တဲ့ စာအုပ်တွေဝယ် သိမ်းတတ်လာတယ်၊ “ စာအုပ်တန်ဖိုးထက် အနှစ်သာရရှိတဲ့ စာပေကို ပိုတန်ဖိုးထားပါတယ်၊ ဖတ်ပါ၊ ကျေးဇူးပြု၍ မဖျောက်ဖျက်ပါနှင့်” ဒီစာကိုကိုယ့်ရဲ့ စာမျက်နှာအစမှာရေးထားလေ့ရှိတယ်။
ကိုယ့်လိုပဲ စာအုပ်တွေမြတ်နိုးတဲ့သူတွေကငှားဖတ်ပြီးရင် ပြန်ပေးတဲ့အပြင် စာအုပ်တွေ အကြောင်း ဆွေးနွေး  ရတာအရမ်းကောင်းပါတယ်၊ အဲ တန်ဖိုးမထားတတ်တဲ့သူတွေတော့ အာပေါက်လောက်အောင်တောင်းပေရော့ပဲ။လာမငှားတဲ့သူတောင် စာအုပ်ကောင်းလေး  ဖတ်စေချင် တဲ့စိတ်ဆန္ဒနဲ့ ညွန်းပေးငှားပေးမိပါတယ်၊ စာဖတ်နှေးတယ်ဆိုလို့ လက်တဖဝါးစာရှိတဲ့ စာမျက်နှာ ၆၀ သာရှိတဲ့စာအုပ်လေး ၂ ရက်ယူသွားဖတ်လို့ပြောမိတာ တစ်ရက်မေ့ တစ်ရက်မေ့နဲ့ ၄ ရက်လောက် တတွတ်တွတ်တောင်းမှပြန်ရတယ်၊ ဆွေးနွေးချင်စိတ်ဆိုတာ  ပျောက်ရော၊ ပေးဖတ်ချင်အုံး ဟဲ့ လို့ ကိုယ့်ကိုယ်ကို အပြစ်တင်ရတယ်။

           ခုချိန်မှာတော့ အပျော်ဖတ်စာအုပ်တွေ ကို မျက်စိညောင်းခံပြီး ဖတ်ဖို့ အချိန် မပေးနိုင်တော့ဘူး၊ အဓိပါယ် မရှိလိုက်တာမှ စိတ်အနှောင့်အယှက်ဖြစ်စေတယ်။ စိတ်ကို အနူတ်သဘောကို ဆောင်စေတယ်။ ဆရာကြီး တစ်ယောက်က ပြောဖူးတယ်၊ အပျော်ဖတ်စာပေတွေရှိသင့်တယ်၊စာဖတ်ရင်း စာကောင်းတွေ ရွေးဖတ်တတ်လာမယ်တဲ့၊ ကိုယ့်မှာလဲ ဒီလိုပဲ ရွေးဖတ်တတ်လာတာကိုစဉ်းစားမိမှ ဟုတ်သားပဲလို့ ။
ကမ္ဘာကြီးပျက်ဆီးသွားခဲ့ရင် စာအုပ်တွေ ရောလို့စဉ်းစားမိရင် အရမ်းနှမြောစိတ်က ထိန်းမရ အောင်ပဲ၊ဒါနဲ့ တန်ဖိုးအထားရဆုံးအရာတွေက စာအုပ်တွေဖြစ်လာတယ်။စာအုပ် ကောင်းတွေလဲ အရမ်းလိုချင်လာတယ်။

အချစ်များ
                စိတ်ကစားတတ်တဲ့ ငယ်ငယ်တုန်းက အရွယ်မှာ ကိုယ့်ရဲ့လက်တွဲဖော်ဖြစ်လာနိုင်မဲ့သူဟာ ကိုယ့်သတ်မှတ်ချက်စံနဲ့ ကိုက်ညီရမဲ့လူပဲ ဖြစ်ရမယ်လို့ အမြဲတွေးခဲ့တယ်။လူတိုင်းဟာ ၁၀၀% မကောင်းနိုင် ဘူး လို့ သိလာတဲ့ အချိန်မှာတော့၊ သတ်မှတ်ထားတဲ့ အရာတွေမရနိုင်တော့ ငယ်ငယ်တုန်းက တွေးထားတာ တွေကိုပြန်စဉ်းစားမိပြီးရီချင်လာတယ်။ ကြုံတွေ့လာခဲ့ရတဲ့လူတွေကလဲ ငယ်ရွယ်ချိန်မှာတော့ စိတ်ထဲမနှစ်သက်တာတွေရှိလဲ အပြစ်မမြင်ပဲ မကြိုက်တာတွေကိုပြုပြင်ယူနိုင်မယ်လို့ထင် ခဲ့တာတွေကလဲ ခုချိန်မှာတော့ ရီချင်စရာပါပဲ။

                 ခုချိန်မှာ ပြည့်စုံတဲ့သူတွေ့မယ်ဆိုရင်တောင် ဈေးကွက်ဆန်ဆန်နဲ့ အပြန်အလှန် မှီခိုခြင်းတို့၊ ရလာဒ်တို့တွေ တွက်လာတော့ ငယ်ငယ်တုန်းကလို ရူးရူးမိုက်မိုက်နဲ့ ကိုးကွယ်တတ်တဲ့ အချစ်ဆိုတာပျောက်နေခဲ့ပြီ။ ဖြူစင်မှုတွေ ပျောက်နေခဲ့ပြီ။
             ပလေတိုးနစ်အချစ်ဆိုတာရှိပါတယ်။
 သူငယ်ချင်း

          ကိုယ့်မှာ မိန်းကလေးသူငယ်ချင်းတွေ၊ ငယ်ငယ်ကတည်းကဆွေမျိုးလိုပေါင်းလာခဲ့တဲ့ သူငယ်ချင်း ရှိတယ်၊ ဘာပဲဖြစ်ဖြစ်တိုင်ပင်လို့ရတဲ့ သူငယ်ချင်းတွေရှိပါတယ်၊ စိတ်တူကိုယ်တူ သူငယ်ချင်းမလေးတွေရှိပါတယ်။ယောကျာင်္းလေး ထဲမှာတော့ ရှားရှားပါးပါး စာအုပ် ကြိုက်တာရော၊ အကြိုက်၊ အကျင့်တူတာရော ၊ ကိုယ်ပြောချင်တာ ဘာဆိုတာ မပြောပဲနဲ့ ကိုယ့်မျက်နှာရိပ်ကဲ သိလောက်အောင်ရင်းနှီးခဲ့တဲ့သူလဲရှိခဲ့ဖူးတယ်၊ ဒီလောက်တောင်စိတ်ချင်းနီးစပ်ခဲ့တဲ့ င်္ယောကျားလေးနဲ့ မိန်းကလေးဆိုတဲ့ တစိမ်းနှစ်ယောက်က ဘယ်လောက်ပဲ သူငယ်ချင်းတွေပါလို့ပြောပြော မရိုးသားစိတ်တွေကိုယ်စီနဲ့။

                 ခုချိန်မှာတော့ စာပေတွေ ဖတ်ရင်း ဝေဖန်၊ ဝေမျှချင်တဲ့ ကိုယ်မသိတာတွေပြောပြနေကျ၊ ကိုယ့်မျက်နှာညိုမှာမလိုလားတဲ့သူက ပိုင်ဆိုင်သူနဲ့။မရတာတွေကိုတမ်းတနေတာ မဟုတ်ပါဘူး၊ မရိုးသားတဲ့စိတ်တွေရှိနေပြီလို့ဝန်မခံ ကြပဲသူငယ်ချင်းစစ်စစ်လေးသာဖြစ်ခဲ့မယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ၊ ဒါမှစိတ်ရှင်းရှင်းနဲ့ ဆက်ဆံနိုင်မှာကိုး၊ ခုချိန်မှာ စိတ်သန့်စွာနဲ့ ပြောချင်တာတစ်ခုက တော့ ကိုယ်နှမြောတဲ့သူငယ်ချင်းတစ်ယောက်အဖြစ်ရှိနေတာကိုပါ။

 နေရာ
             ငယ်ငယ်တုန်းက စာသင်ကျောင်းထဲမှာ ကိုယ်ထိုင်နေကျ နေရာသူများလာထိုင်ရင်မကြိုက်ဘူး၊ အဲဒါငါ့နေရာ ဖယ်ပေးလို့ လုနေကျ၊ အများပိုင် ပန်းခြံအကျယ်ကြီးထဲမှာတောင်မှပဲ ကိုယ်လေ့ကျင့်ခန်းလုပ်တဲ့နေရာလို့ ကိုယ့်စိတ်ထဲနေရာဦး ထားတာ၊ သူများတွေ လာထိုင်တာတွေ့ရင် လာကစားတာတွေ့ရင် စိတ်ထဲ အရမ်းအနှောင့်အယှက်ဖြစ်ရတယ်၊ လေ့ကျင့်ခန်းလာလုပ်နေကျလူတွေကမျက်မှန်းတန်းမိလောက်အောင်လဲ တွေ့နေကျဆိုတော့ မသိတတ်ရကောင်းလားလို့ တွေးမိတယ်။
            ခုထက်ထိလဲ ဘုရားကျောင်းသွားရင် ကိုယ်ထိုင်နေကျ နေရာလေးပဲ ရွေးထိုင်မိတယ်၊ ပြည်သူတွေပိုင်တဲ့နေရာလဲ ကိုယ်သွားနေကျ နေရာ ကိုယ်ထိုင်နေကျက ကိုယ့်နေရာပဲ၊ ကိုယ့်စိတ်ထဲ တိတ်တိတ်လေးဦးထားတုန်းပဲ။
            ဒါပေမယ့် ငါ့ အရင် ဘယ်သူတွေထိုင်ပါလိမ့်လို့ တွေးမိလာတော့ နေရာလေးတစ်ခုက ကိုယ့်အတွက်သိပ်အရေးမကြီးတော့ပြန်ဘူး၊ ဒါပေမယ့်လဲထိုင်နေကျနေရာလေးလွတ်နေပါစေ၊ တခြားနေရာထိုင်ဖို့၊ ရွေ့ဖို့ စိတ်ကူးမရှိဘူး။

4 comments:

ကိုရင် กล่าวว่า...

အသက်ကြီးလာတာနဲ့အမျှ တက်မက်မှုတွေက ပိုပိုကြီးလာတယ်..
အရင်ကနဲ့အခု .. အင်း.. အများကြီးကွာသွားပီ ဆိုပေမဲ့ ပေကပ်ကပ်နိုင်တာ ကတော့ လုံးဝ မပြောင်းလဲသေးတာပဲ..:D

မိစံ กล่าวว่า...

မှတ်သားဆင်ခြင်စရာတွေချည်းပါပဲ
ခုမှပဲ ကိုယ့်ကိုယ်ကိုယ်ပြန်မေးမိတော့တယ်
ဆင်ခြင်စရာတွေ တစ်ပုံကြီးပါပဲး)
ပို့စ်လေးအတွက် ကျေးဇူးပါပိတောက်ရေ

mstint กล่าวว่า...

အသက်အပိုင်းအခြားပေါ်မှာမူတည်ပြီး ပြောင်းလဲလာမှုလေးတွေပေါ့နော်။
တီတင့်လည်းအစားအသောက်မှာလည်း ငယ်စဉ်ကအချိုနှစ်သက်ပေမယ့် အသက်ရလာတော့ အခါးနှစ်သက်လာတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

jasmine(တောင်ကြီး) กล่าวว่า...

ပိတောက်ရဲ့ထွေရာလေးပါးကို
အပြည့်အ၀ခံစားပြီးဖတ်ခဲပပါတယ်နော်....
လင့်လေးချိပ်ထားမယ်လေ...အသစ်တင်ရင်သိရအောင်လို့နော်.

แสดงความคิดเห็น

จำนวนการดูหน้าเว็บรวม

 
Copyright (c) 2010 ပိတောက်. Design by WPThemes Expert

Themes By Buy My Themes And Web Hosting Reviews.