วันพุธที่ 5 ตุลาคม พ.ศ. 2554

နင့်ကိုငါမချစ်ဘူး



             
ငါသေမှ နင့်မျက်စိတွေ နင်ဖွင့်တော့မယ် တဲ့
မစွပ်စွဲပါနဲ့ ဟုတ်ပေမယ့်လည်း
နင့်ရင်ထဲပဲ ထားပေးပါ၊

မကြည့်ချင်လို့ မဟုတ်ရပါဘူး
အချစ်ဆိုတာနဲ့ နင့်ကို
တွဲစပ်ကြည့်လို့မရတာပါ၊

မျှော်လင့်ချက် ပေးရအောင်လဲ
ငါ့စကားတွေ နယ်မကျွံခဲ့ပါဘူး
နင့်ရဲ့အထီးကျန်မှု ကိုဖြည့်ဆည်းပြီး
ရင်ဗလာနဲ့ ငါအထီးကျန်နေရမှာလား၊

အချစ်ဆိုတာ
မွေးမြူလို့ရတာမဟုတ်သလို
ဦးဏှောက်နဲ့လဲရွေးလို့မရတာကြောင့်
သံယောဇဉ်နဲ့ အချစ်ဖြစ်လာအောင်
ဆွဲယူဖို့မကြိုးစားပါနဲ့၊

နင်ပြောသလို
မိန်းမတွေရဲ့ဟင့်အင်းက အင်းတဲ့
အဲ့ထဲငါမပါတာ နင်သိပြီမို့
ဘာကြောင့် ဆိုတဲ့
အကြောင်းပြချက်မတောင်းပါနဲ့
နင့်ကိုငါမချစ်ဘူး။






  

4 comments:

mstint กล่าวว่า...

ပိတောက်ရဲ့ ပြတ်ပြတ်သားသားကဗျာလေးကို အားပေးသွားတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Angelhlaing(May everybody be happy and healthy! กล่าวว่า...

မိုက်တယ်ကဗျာလေး တစ်ခါတစ်လေ...အဲလိုပြတ်ပြတ်သားသား မျိုးသဘောကျတာ...:)

စံပယ်ချို กล่าวว่า...

လွမ်းတာတွေမပါပဲ
ပြတ်ပြတ်သားသား
သတ္တိရှိရှိရေးထားတဲ့ကဗျာလေးကိုခံစားခဲ့ပါတယ်

Yin Sue กล่าวว่า...

ဒီကဗျာလေးမိုက်တယ်....အဲလိုဘဲဖြစ်သင့်တယ်......ကြိုးရှည်ရှည်နဲ့လှန်ထားတာတွေ .....မုန်းသဗျာ....ပိတောက်ရဲ့ စိတ်လေး ပြတ်သားပါ့.......

แสดงความคิดเห็น

จำนวนการดูหน้าเว็บรวม

 
Copyright (c) 2010 ပိတောက်. Design by WPThemes Expert

Themes By Buy My Themes And Web Hosting Reviews.