วันพุธที่ 27 กรกฎาคม พ.ศ. 2554

အစုန်


သနပ်ခါးသွေးလိမ်းမပေးခဲ့ပေမယ့်
ပတ်ကြားအက်တဲ့ခြေလက် ၊ ညနေတိုင်းတခုတ်တရ
ဆေးလူးပေးတဲ့အဖေ။
 
အအေးမိတော၊့ ရင်ဘတ်ဆီလူး
အဖေမဆလာလုပ်ပေးမယ် တဲ့
နေကောင်းကောင်း၊ မကောင်းကောင်း
အဖေဆီလူးတာနှစ်သက်
တယောက်တလှည့်ဇိမ်ယူကြတယ်။

ထုတ်လာတဲ့ဗလာစာအုပ် ၊ လက်ရေးစောင်းစောင်း
နာမည်တတ်ပေးခဲ့တဲ့အဖေ၊
အားတဲ့ညနေထမင်းချက် ၊ သားသမီးတွေကျောင်းအပြန်
စားရဖို့ဝယ်ခြမ်းချက်ပြုတ် ၊ “စားကောင်းလိုက်တာအဖေ”
ပီတိဖြာဒီစကားကြောင့်
“စား ၊ စား” ၀မ်းအပြင်အိတ်မပါဘူးတဲ့လား။
ဝမ်းရေးအတွက်တနယ်စီ၊မချိတရိလွတ်ရတဲ့သက်သေ၊  
ထင်ဟတ်တဲ့အဖေ့မျက်ဝန်း၊ ရဲရဲမကြည့်ရဲခဲ့ဘူး၊
သားသမီးတွေအိမ်အပြန် ၊ ထမင်းမစားနိုင်အောင်အပျော်လွန်
စိတ်ဒုက္ခတွေခံစားခဲ့ရတဲ့အဖေ။

“ငါ့သားသမီးတွေနားသွားသေမယ်” တဲ့
ပိတ်ရက်ရယ်လို့ ၊ စုံစုံညီညီ
အဖေ့နားမရှိ ၊ အဖေမရှိမှ
ဘေးပတ်ပတ်လည် ၊ ၀ိုင်းနေထိုင်ကြလေရဲ့။

ခေတ်ကြောင့်လား ၊ စနစ်ကြောင့်လား
အဖေတစ်ယောက်က ၊ သားသမီးတွေအတွက်
အလျင်မှီပေမယ့် ၊ ဒီလေးယောက်က
အဖေ့ကိုအလျင်မမှီခဲ့ဘူး၊

နီးအောင်လာခဲ့ရပေမယ့် ၊ ဝေးနေရတဲ့အဖေ
နေရာစိမ်းမှာ ၊ အထီးကျန်လို့
အတက်နှေးတဲ့ဆန်ရေအတွက်
ညဉ်းခဲ့လေမလား၊

အဖေမရှိမှ ၊ တရေးရေးမြင်
နောင်တတွေတသီတတန်းနဲ့
အောက်မေ့တသရတဲ့အဖေ
ပေးသလောက် ၊ မလောက်နိုင်တဲ့
သားသမီးတွေအတွက် ၊ ခွင့်လွတ်ပေးပါဆိုတာနဲ့
အိက်မက်ထဲလာခဲ့ပါအုံးလို့၊ ထပ်တောင်းဆိုပါရစေ။    

0 comments:

แสดงความคิดเห็น

จำนวนการดูหน้าเว็บรวม

 
Copyright (c) 2010 ပိတောက်. Design by WPThemes Expert

Themes By Buy My Themes And Web Hosting Reviews.