วันพุธที่ 27 กรกฎาคม พ.ศ. 2554

စာအုပ်စင်နှင့် ကြိုက်နှစ်သက်သောစာအုပ်များ


           အိုရှိုးပြောတဲ့လူတိုင်းရဲ့ထူးခြားမှု
ထူးခြားချင်သူ ဖြစ်ချင်တဲ့ စိတ်ကူးကို ကျွန်တော် ဘယ်လိုရပ်တန့်အောင်လုပ်ရမလဲ၊ ခင်ဗျားက နဂိုက တည်းက ထူးခြားပြီးသား၊ ဒါကြောင့် ထပ်ပြီး ထူးခြားအောင် ပြောင်းလဲဖို့ မလိုအပ်ပါဘူး၊ ခင်ဗျားဟာ အထူးနဲ့တစ်ဦးတည်းသောသူ၊ ဘုရားသခင်ဟာ မထူးခြားတဲ့ အရာကို ဘယ်တုန်းကမှ မဖန်တီးခဲ့လို့ ပါ။
      လူတိုင်းဟာလုံးဝနှစ်ယောက် မရှိပါဘူး၊ တစ်မိုးအောက်မှာတစ်ယောက်ဖွားပဲဖြစ်တယ်၊ ခင်ဗျားမ တိုင်ခင် ခင်ဗျားနဲ့တူသူမရှိသလို ခင်ဗျားရဲ့နောက်မှာလဲ ခင်ဗျားနဲ့တူတဲ့သူဆိုတာမရှိနိုင်ပါဘူး၊ ဘာ
ကြောင့်လဲဆိုတော့ဘုရားသခင်ကပထမဦးဆုံးအကြိမ်ဒီအသွင်သဏ္ဍန်ကိုအသုံးပြုခဲ့တယ်ဆိုပေမယ့်ဒါဟာနောက်ဆုံးအကြိမ်လဲဖြစ်ပါတယ်၊ ဒါကြောင့်ခင်ဗျားအလွန်ထူးခြားအောင်ပြောင်းလဲဖို့မလိုအပ်ပါ
ဘူး၊ ခင်ဗျားဟာထူးခြားပြီးသားဖြစ်နေလို့ပါ၊ အကယ်Iခင်ဗျားဟာအလွန်ထူးခြားသူတစ်သိပ်ဖြစ်ချင်
တယ်ဆိုရင်ပိုပြီးသာမန်ဖြစ်သွားတတ်တယ်၊ ခင်ဗျားရဲ့ဒီလိုကြိုးပမ်းမှုဟာအရင်းခံတရားနဲ့ဆန့်ကျင်
ဖက်ဖြစ်သွားပြီး ရှုပ်ထွေးမှုတွေကိုသယ်ဆောင်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့လူထူးလူဆန်း
တစ်ယောက်ဖြစ်အောင်စီမံတဲ့ခင်ဗျားရဲ့လုပ်ရပ်ကခင်ဗျားရဲ့စိတ်သဘောထားကိုဖော်ပြနေတယ်၊ တစ်
နည်းအားဖြင့်ခင်ဗျားမထူးခြားဘူးလို့ဖော်ပြနေသလိုပဲ၊ ဒီအတိုင်းဆိုခင်ဗျားဟာအလွန်ရိုးစင်းတဲ့သာ
မာန်အနေအထားကိုရောက်သွားမှာပါ။ ဒါဟာခင်ဗျားရဲ့အဓိကလမ်းလွဲမှုပဲဖြစ်တယ်။
   ခင်ဗျားကကိုယ့်ကိုယ်ကိုမထူးခြားသူတစ်ယောက်လို့နားလည်လိုက်တာနဲ့တပြိုင်နက်ခင်ဗျားထူးခြားသူတစ်ယောက်ဖြစ်အောင်ဘယ်လိုပြောင်းမှာလဲ၊  ခင်ဗျားရဲ့ နားလည်မှု ကိုယ်၌က မှားနေပြီလေ။ ခင်
ဗျားကအစမ်းသဘောအနေနဲ့ဟိုလိုလုပ်လိုက်၊ ဒီလိုလုပ်လိုက်ကြိုးပမ်းခဲ့ပေမယ့်လည်းသာမာန်လူဖြစ်
နေဦးမှာပဲ၊ အကြောင်းကတော့ခင်ဗျားရဲ့ အစပြုချက်အခြေခံအုတ်မြစ်ကိုကမှားနေလို့ပါ။ ကောင်းပြီ
ခင်ဗျားအတွက်အ၀တ်အစားတွေကို ဒီဇိုင်းနာ ဆီသွားပြီးဆန်းဆန်းပြားပြားအ၀တ်တွေချုပ်ခိုင်းလို့ရ တယ်၊ ဆံပင်ပုံစံနဲ့မျက်နှာတွေမှာမိတ်ကပ့်ခြယ်သနိုင်တယ်၊ အနည်းအပါးသင်ကြားလေ့လာပြီးကိုယ့်
ဘာသာပညာရှိလုပ်နိုင်တယ် ၊ စာတိုပေစတွေရေးပြီး နောက်တော့ကိုယ့်ကိုယ်ကိုစာပေသမားကြီးလို့
ထင်မှတ်နိုင်တယ် ၊ ခင်ဗျားတခြားအလုပ်တွေကိုလဲလုပ်နိုင်ပါသေးတယ်။ခင်ဗျားနာမည်ကြီးသွားနိုင် တယ် ၊ ဒါမှမဟုတ်နာမည်ဆိုးနဲ့ဟိုးလေးတကျော်ကျော်ဖြစ်သွားနိုင်တယ်၊ သို့ပေမယ့် နှလုံးသားရဲ့အ
နက်၇ှိုင်းဆုံးနေရာမှာတော့ ခင်ဗျားဟာသာမာန်ပဲဖြစ်တယ်ဆိုတာခင်ဗျားကိုယ်ခင်ဗျားသိနေပါတယ်၊
ဒီကိစ္စတွေအားလုံးဟာပြင်ပမှာပဲဖြစ်နေတာ ၊ ခင်ဗျားရဲ့ဝိညာဉ်လေးကိုသူမတူအောင်ထူးခြားတဲ့ဝိညာဉ်
ဖြစ်အောင်ဘယ်လိုပြောင်းမှာလဲ ၊ နည်းလမ်းမရှိပါဘူး။
  ဘုရားသခင်ကလည်းခင်ဗျားကိုနည်းလမ်းမပေးနိုင်ဘူး၊ ဘာကြောင့်လဲဆိုတော့ဘုရားသခင်ဟာ ဘယ်တုန်းကမှသာမာန်ဝိညာဉ်ကိုမဖန်တီးခဲ့လို့ပါပဲ၊ ဒါကြောင့်ခင်ဗျားရဲ့ပြဿနာကတွေးဆရခက်နေ တယ် ၊ ဘုရားသခင်ကခင်ဗျားကိုတစ်ဦးတည်းနဲ့ထူးခြားတဲ့ဝိညာဉ်တခုပေးခဲ့ပြီးပါပြီ။ ဒီဝိညာဉ် နာမ် ရုပ်) ဟာတခြားသူကိုမပေးခဲ့ဖူးသေးတဲ့(နာမ်၊ရုပ်) ဖြစ်ပါတယ်၊ ဒါဟာခင်ဗျားအတွက်သီးသန့်ဖန်ဆင်း
ပေးတာပဲဖြစ်တယ်၊
     ကျွန်တော်ပြောချင်တာကခင်ဗျားမှာဘယ်လိုထူးခြားမှုတွေရှိတယ်ဆိုတာရှင်းရှင်းလင်းလင်းသိထားရ
မယ်၊ ခင်ဗျားအတွက်နောက်ထပ်ထူးခြားစရာမလိုအပ်ဘူး ။ သူဟာနဂိုကတည်းကရှိပြီးသားဖြစ်တယ်
လို့သတ်မှတ်ရမယ်ထားရမယ်။ မိမိရဲ့စိတ်အတွင်းပိုင်းကိုဝင်ပြီးသူ့ကိုခံစားကြည့်ရမှာဖြစ်တယ်။ ခင်ဗျားလက်မပေါ်ကလက်ဗွေမျိုးနဲ့တူတဲ့သူဒီကမ္ဘာမှာမရှိဘူး ၊ခင်ဗျားအသံတဲ့တသံတည်းတူတဲ့လူ လည်းမရှိဘူး၊ ခင်ဗျားရဲ့ထူးခြားချက်နဲ့တူသူရှာလို့ရမှာမဟုတ်ဘူး ၊ဇမ္ဗူမှာ တလူတည်းရှိသူဖြစ်တယ်၊
အမြွာပူးမွေးသူဖြစ်စေအုံးတော့ မတူနိုင်ပါဘူး၊ ဘယ်လောက်ပင်အမြင်မှာတစ်ထေရာတည်းဖြစ်ပါစေ
သူတို့ဟာမတူကြပါဘူး။ သူတို့လျှောက်တဲ့ဦးတည်ချက်မတူသလို၊ ကြီးထွားရှင်သန်မှုပုံစံလည်းမတူပါ ဘူး၊ သူတို့ဟာကွဲပြားခြားနားတဲ့ပုံသဏ္ဌန်နဲ့ခန္ဓာကိုယ်တွေဖြစ်လာကြပါတယ်။
  ဒီလိုသိနားလည်မှုဟာအမှန်တကယ်လိုအပ်ပြီး၊ ခင်ဗျားမေးတဲ့ထူးခြားတဲ့သူတစ်ယောက်ဖြစ်ချင်တဲ့
စိတ်ကူးကိုကျွန်တော်ဘယ်လိုရပ်တန့်သွားအောင်လုပ်ရမလဲဆိုတဲ့အဖြေကအဖြစ်မှန်ကိုဂရုတစိုက်
ကြားနာရုံနဲ့လုံလောက်ပါတယ်၊ ခင်ဗျားရဲ့ပကတိတည်ရှိမှုထဲကိုဝင်ပြီးကြည့်မြင်လိုက်တာနဲ့ခင်ဗျားရဲ့
ထူးခြားသူတစ်ယောက်ဖြစ်ချင်တဲ့ကြိုးစားအားထုတ်မှုအားလုံးဟာပျောက်ပြယ်သွားမှာပါ၊ ခင်ဗျားဟာန
ဂိုမူလကတည်းကထူးခြားသူတစ်ယောက်ဖြစ်တယ်ဆိုတာကိုခင်ဗျားသိပြီးတဲ့အခါအစောကကြိုးပမ်းမှု
များဟာပျောက်ကွယ်သွားမှာပါ။
        ထူးခြားသူတစ်ယောက်ဖြစ်ချင်တဲ့စိတ်ရပ်တန့်သွားဖို့အကယ်လို့ခင်ဗျားကကျွန်တော့်ကိုနည်း
ကောင်းတောင်းရင်အဲ့ဒီနည်းကောင်းဆိုတာခင်ဗျားအတွက်နှောင့်အယှက်ဖြစ်နေမှာပဲ၊ ခင်ဗျားဘာကို
စမ်းသပ်မှုလုပ်မှာလဲ၊ ခင်ဗျားကဘာဖြစ်ချင်လို့စမ်းကြည့်နေတာလဲ၊ ကနဦးမှာတော့ခင်ဗျားဟာထူးခြား
သူတစ်ယောက်ဖြစ်ချင်လို့စမ်းသပ်ကြည့်နေတာအခုတော့ထူးခြားသူတစ်ယောက်မဖြစ်အောင်စမ်း
သပ်ကြည့်နေပြီ၊ ဒါပေမယ့်စမ်းသပ်ပြီးရင်ထပ်စမ်းသပ် ၊ နည်းနာကောင်းတစ်ခုခုနှင့်မိမိကိုယ်ကိုတိုး
တက်ကောင်းမွန်အောင်လုပ်တယ်၊ ခက်နေတာကပစ္စက္ခမှာတည်ရှိနေတဲ့ခင်ဗျားကိုယ်တိုင်ကလက်ခံ
ကြိုဆိုခဲ့တာမရှိဘူး၊

0 comments:

แสดงความคิดเห็น

จำนวนการดูหน้าเว็บรวม

 
Copyright (c) 2010 ပိတောက်. Design by WPThemes Expert

Themes By Buy My Themes And Web Hosting Reviews.