วันอังคารที่ 20 ธันวาคม พ.ศ. 2554

စိတ်ဒုက္ခ



 စိတ်ဒုက္ခ

အသက်တစ်ရာ မနေရပေမင့်
အမှုတစ်ရာ ကြုံရတာမို့
ပေဖြစ်တော့ ခံရတာပ
ကိုယ့်ဒုက္ခ။

 မကောင်းတာတွေ
နှစ်ဟောင်းမှာ ကုန်ပလေ့စေတော့
သူသူကိုယ်ကိုယ်ကြုံကြတာပ
ပေါ့ပေါ့ပါးပါး
ဒါလေးများ ..တဲ့။

အတွေ့ကြုံရယ်တဲ့အသစ်လို့
အားတင်းကာထားပေမင့်
ခလုတ်ထိတော့ ကောက်ရိုးလဲဆွဲရတာပ
ကိုယ့်ဒုက္ခ။

ဇာတ်နာအောင် ထပ်ရစ်လို့
မပြချင်ပါဘု
စာရွက်ဆိုလဲ ဆွဲဆုတ်ချင်တာပ
စောင်းလို့တောင်မကြည့်ချင်တဲ့
ကိုယ့်ဒုက္ခ။

วันจันทร์ที่ 12 ธันวาคม พ.ศ. 2554

သခင့်မွေးနေ့

                             သခင့်မွေးနေ့

             တစ်ခါက မိန်းမတစ်ယောက်က ဆောင်းတွင်းမှာ အသိုက်ရွှေ့လာတဲ့ ဘဲတစ်အုပ်ကြောင့် ဗျာများသွားခဲ့တယ်၊ နွေးတဲ့ဒေသကို အုပ်စုလိုက် ပြောင်းရွှေ့လာတဲ့ဘဲအုပ်က မုန်တိုင်းမိလာတာကြောင့် သူ့ခြံထဲ ကျလာခဲ့တယ်၊ သနားလို့ သူ့ဂိုဒေါင်ထဲသွင်းဖို့ ကြိုးစားတယ်၊ ဒါပေမယ့် သူ့ကြိုးစားမှုက အရာမထင်ပါဘူး၊ သူမကြိုးစားလေ၊ ဘဲအုပ်ကကြောက်လို့ ထွက်ပြေးလေမို့ ဘာဆက်လုပ်ရမှန်း မသိအောင်ပါပဲ။  အကယ်၍သာ သူမကိုယ်၌က ဒီဘဲအုပ်ထဲက ဖြစ်မယ်ဆိုရင် သူမရဲ့ စေတနာကို ဒီဘဲအုပ် တွေ သဘောပေါက်ကြမှာပဲလို့တွေးမိတယ်။
          
      ဒီမှာတင် သခင်ယေရှုက ဘုရားအဖြစ်၊ လူအဖြစ်ယူပြီး လူတွေကြားထဲ မွေးဖွားလာပြီး၊ လူ့အပြစ်တွေကိုသူ့ အသေခံခြင်းဖြစ်တဲ့ လက်ဝါးကားတိုင်မှာ သူ့အသွေးနဲ့ သွန်းပြီလူတွေ ကိုယ်စား အသေခံကာ သူ့လိုရှင်ပြန်ထ မြောက်စေချင်တာကို လူ့ဇာတိယူမှာ လူတွေနားလည်မှာ ကိုသိတဲ့ စေတနာ ကို သူမနားလည် လိုက်တယ်တဲ့။

   သိုးသငယ် ဤလောကသို့ကြွလာပြီ၊ သိုးသငယ် တဲ့ ၊ဘာကိုဆိုလိုတာလဲ၊ ဘာကိုကိုယ်စားပြုတာတဲ့လဲ၊ သိုးဆိုတာ သန့်ရှင်းခြင်းကို အဓိပါယ်ဆောင်ပါတယ်၊ ဒါထက် ခရစ်တော် မပေါ်မီ ယဇ်ပုရောဟိတ်က အပြစ်ရှိတဲ့ လူတွေကိုယ်စား သိုးတွေကိုယဇ်ပူဇော်ခြင်း ပြုပေးခြင်းဖြင့် ထာဝရဘုရား ထံမှာအပြစ်ဖြေပေးရပါတယ်၊ သိုးကလူ့ကိုယ်စား ခံပေးတဲ့သဘောပါ။ 

  သခင်ယေရှုက လက်ဝါးကားတိုင်မှာ အသေခံလိုက်တာနဲ့ ဒီယဇ်ပူဇော်တဲ့ ဗိမာန်တော်ရဲ့ကုလားကာက အထက်စွန်းကအောက်စွန်းတိုင် စုတ်ကွဲသွားပါတယ်၊ နောက်တစ်ဖန်ဆိုတဲ့ ယဇ်ပူဇော်ခြင်းက ထပ်မံမရှိ တော့ပဲ သခင်ယေရှုက လူတွေရဲ့ကိုယ်စား သူအပြစ်ဝင်ခံ သွားပေးခဲ့ပါတယ်။ 

  ထာဝရဘုရားနဲ့လူတွေကြားထဲဆက်သွယ်ပေးတဲ့ တစ်ခုတည်းသောနည်းပါ၊ “ငါသည် အသက်လည်းဖြစ်၏၊ သမ္မာတရားလဲဖြစ်၏၊လမ်းလဲဖြစ်၏။”တဲ့၊ထာဝရဘုရားထံမှထာဝရအသက်ရဖို့ရန်တစ်ခုတည်း သောလမ်းက ယေရှုပဲဖြစ်ပါတယ်။

   ထာဝရဘုရားက ဖန်ဆင်းရှင်ဆိုတာကို ယုံကြည်ပါတယ်၊ဒီကမ္ဘာကြီးကို ဖန်ဆင်းတယ်၊ လူသားတွေကို ဖန်ဆင်းပါတယ်၊လူသားရဲ့အစဖြစ်တဲ့ အာဒံက ဘုရားစကားကို နားမထောင်လို့ လူတွေက အပြစ်သားဖြစ်ခဲ့ ရပါတယ်၊ ဘုရားနဲ့ဝေးကွာခဲ့ပါတယ်၊ ဒါပေမယ့် အပြစ်သားအဖြစ်မှ သူ့ဆီကို ပြန်လာဖို့ သူ့ရဲ့ တစ်ဦးတည်းသောသားတော်ကို စေလွှတ်ပြီး လူ့အပြစ်တွေကိုဆေးကြောပြီး ကယ်တင်ခဲ့ ပြန်ပါတယ်။ လူတွေကိုချစ်တဲ့ ထာဝရဘုရားက လူတိုင်းကို ထာဝရအသက်ရဖို့ အလိုရှိပါတယ်။

   ပညတ်တော်(၁၀)ပါးမှာ အဓိက အချက်က ထာဝရဘုရားကို အကြွင်းမဲ့ချစ်ဖို့ပါ၊ ဒုတိယက သင့်အိမ်နီးချင်းများကို သင့်ကိုယ်ကို ချစ်သကဲ့သို့ချစ်ဖို့ပါ၊ ဖန်ဆင်းရှင်ရှေ့မှောက်မှာ ကျမတို့အားလုံးက ဘုရားသားသမီးတွေပါပဲ။ မောင်နှမတွေပါပဲ။

    ချစ်တတ်တဲ့ မေတ္တာရှင်ကို ပြန်ချစ်ရတဲ့ စိတ်ကြည်နူးမှု၊ ကယ်တင်ခြင်းရမယ်၊ ထာဝရအသက် ရမယ်ဆိုတဲ့ ယုံကြည်စိတ်ချမှု နဲ့ မွေးဖွားလာတဲ့ ယေရှု ရဲ့ မွေးနေ့ကို ဝမ်းမြောက်စွာနဲ့ ကြိုဆိုရအောင်လား။

วันอังคารที่ 6 ธันวาคม พ.ศ. 2554

Happy Father's day

                             ဒီနေ့ဟာထိုင်းဘုရင်မင်းမြတ်ရဲ့ ၈၄ နှစ်မြောက်မွေးနေ့ဖြစ်ပါတယ်၊ ဆေးရုံကနေပြည်သူ တွေကိုမိန့်ခွန်းခြွေဖို့ ဒီနေ့မနက်မှာ နန်းတော်ကိုပြန်ကြွပါတယ်၊
          ပြည်သူတွေပျော်ရွှင်မှုရှိစေဖို့ရေကြီးလို့ဒုက္ခရောက်သူတွေ ကိုတာဝန်ရှိသူတွေ အမြန်ဆုံးလုပ်ပေး ကြဖို့၊ ထပ်ပြီးဒုက္ခတွေမရောက်ဖို့၊ စည်းလုံးမှုရှိကြဖို့ မှာကြားပါတယ်၊ ရေကြီးတုန်းက ဘုရင်ကြီးက    သွေးဝမ်း သွားတဲ့အထိ စိတ်ဖိစီးမှုခံခဲ့ရပါတယ်တဲ့။



        နေမကောင်းလို့ နန်းတော်ပြန်မကြွပဲ ဆေးရုံမှာပဲ နေတာကြာပါပြီ ၊ မွေးနေ့မှာနန်းတော် ကိုကြွလာမှာ သိလို့ ပြည်သူတွေဝမ်းသာစွာနဲ့လမ်းတလျှောက်မှာ ရော ဆေးရုံမှာပါ လာရောက်စောင့်မျှော်ကြပါတယ်။ ဘုရင်ကြီးမွေးနေ့မှာ အကျဉ်းသား ၂၆၀၀၀ ယောက်ကိုလွတ်ငြိမ်းခွင့်ပေးပါတယ်၊  မြို့တိုင်းကလဲ မီးထွန်းပြီးဘုရင်ကြီးအသက်ရှည်ပါစေကြောင်း ၃ ကြိမ်အော်ဆုတောင်းပေးကြပါတယ်။
                           ဘုရင်ကြီးရဲ့ ကိုယ်ပိုင်အရောင်ကို အဝါအနေနဲ့သုံးပါတယ်၊ ခုချိန်မှာတော့ အပန်းရောင်ကို ဘုရင်ကြီးရဲ့ ကျန်းမာရေးအတွက် ကိုယ်စားပြု ဝတ်ဆင် ကြတယ်၊ ကုသိုလ်လုပ်ပေးကြတယ်၊ အဖေရင်း တစ်ယောက်ကိုတွေ့ရသလို ဝမ်းသာမျက်ရည်ဝဲကြတယ်၊ငိုကြတယ်။
  ဘယ်ဘုရင့်တိုင်းပြည်ဖြစ်ဖြစ် ထိုင်းဘုရင်လို ပြည်သူတွေက လေးစားကြတာ၊ ချစ်ကြတာ၊ ဘုရားလို ကိုးကွယ်တာမရှိပါဘူး။

      ထိုင်းဘုရင်မွေးနေ့ဟာထိုင်းတို့ရဲ့အဖေနေ့ဖြစ်တာမို့ အဖေတွေကိုသားသမီးတွေက လက်ဆောင်တွေ ပေးပါတယ်၊ အရေးတယူ အဖေတွေခေါ်လည်ကြပါတယ်၊  အဓိက ပြောချင်တာက အဖေမရှိတော့ပေမယ့် သမီးတစ်ယောက်အနေနဲ့ အမြဲတန်းသတိရနေတယ်ဆိုတာ ကျမရဲ့အဖေကိုသိစေချင်တယ်၊ ရှိတုန်း အပြည့်အဝမပြုစုလိုက်ရတဲ့ နောင်တကြောင့် အမြဲသတိရတယ်၊ ကျမလို သူတပါးတွေအချိန်နှောင်းမှအဖေ့
တန်ဖိုးတွေသိတဲ့သူတွေဘယ်သူ့ကိုမှမဖြစ်စေချင်ပါဘူး။
   




                              အစုန်


သနပ်ခါးသွေးလိမ်းမပေးခဲ့ပေမယ့်
ပတ်ကြားအက်တဲ့ခြေလက် ၊ ညနေတိုင်းတခုတ်တရ
ဆေးလူးပေးတဲ့အဖေ။
 
အအေးမိတော၊့ ရင်ဘတ်ဆီလူး
အဖေမဆလာလုပ်ပေးမယ် တဲ့
နေကောင်းကောင်း၊ မကောင်းကောင်း
အဖေဆီလူးတာနှစ်သက်
တယောက်တလှည့်ဇိမ်ယူကြတယ်။

ထုတ်လာတဲ့ဗလာစာအုပ် ၊ လက်ရေးစောင်းစောင်း
နာမည်တတ်ပေးခဲ့တဲ့အဖေ၊
အားတဲ့ညနေထမင်းချက် ၊ သားသမီးတွေကျောင်းအပြန်
စားရဖို့ဝယ်ခြမ်းချက်ပြုတ် ၊ “စားကောင်းလိုက်တာအဖေ”
ပီတိဖြာဒီစကားကြောင့်
“စား ၊ စား” ၀မ်းအပြင်အိတ်မပါဘူးတဲ့လား။
ဝမ်းရေးအတွက်တနယ်စီ၊မချိတရိလွတ်ရတဲ့သက်သေ၊  
ထင်ဟတ်တဲ့အဖေ့မျက်ဝန်း၊ ရဲရဲမကြည့်ရဲခဲ့ဘူး၊
သားသမီးတွေအိမ်အပြန် ၊ ထမင်းမစားနိုင်အောင်အပျော်လွန်
စိတ်ဒုက္ခတွေခံစားခဲ့ရတဲ့အဖေ။

“ငါ့သားသမီးတွေနားသွားသေမယ်” တဲ့
ပိတ်ရက်ရယ်လို့ ၊ စုံစုံညီညီ
အဖေ့နားမရှိ ၊ အဖေမရှိမှ
ဘေးပတ်ပတ်လည် ၊ ၀ိုင်းနေထိုင်ကြလေရဲ့။

ခေတ်ကြောင့်လား ၊ စနစ်ကြောင့်လား
အဖေတစ်ယောက်က ၊ သားသမီးတွေအတွက်
အလျင်မှီပေမယ့် ၊ ဒီလေးယောက်က
အဖေ့ကိုအလျင်မမှီခဲ့ဘူး၊

နီးအောင်လာခဲ့ရပေမယ့် ၊ ဝေးနေရတဲ့အဖေ
နေရာစိမ်းမှာ ၊ အထီးကျန်လို့
အတက်နှေးတဲ့ဆန်ရေအတွက်
ညဉ်းခဲ့လေမလား၊

အဖေမရှိမှ ၊ တရေးရေးမြင်
နောင်တတွေတသီတတန်းနဲ့
အောက်မေ့တသရတဲ့အဖေ
ပေးသလောက် ၊ မလောက်နိုင်တဲ့
သားသမီးတွေအတွက် ၊ ခွင့်လွတ်ပေးပါဆိုတာနဲ့
အိက်မက်ထဲလာခဲ့ပါအုံးလို့၊ ထပ်တောင်းဆိုပါရစေ။







                                                               အဖေကောင်းရာသုဂတိလားပါစေ။

วันศุกร์ที่ 2 ธันวาคม พ.ศ. 2554

တချို့နေရာနေတွေမှာ ရေကြီးနေသေးတဲ့ ဘန်ကောက်သို့ တစ်ခေါက် (၂)





   အလှုရှင်တွေပါ၊ BEAM က ကျောင်းသူကျောင်းသားနဲ့ အလယ်တန်းမှာထိုင်နေသူတွေက ဆရာ၊ဆရာမတွေ ဒိုနာ နဲ့ staff တွေပါ။

  www.beamedu.org မှာ သွားကြည့်လို့ရပါတယ်၊ တချို့ကကျောင်းသား အဖြစ်ရှိနေပြီး တချို့ကတော့ တခြားရောက်နေကြပါပြီ။

 စနေနေ့တိုင်းသွားလှုတဲ့ ဘန်ကောက်က Ah Kom (ညာစွန်း) ရဲ့ သူငယ်ချင်းတွေပါ၊ ကျောင်းပြီးတာ ၁၅ နှစ်ကျော်ခဲ့ပေမယ့် သူငယ်ချင်းတွေ တစည်းတဝေးထဲ ရှိကြတုန်းပါ၊ သူတို့ထဲမှာ တချို့တွေရဲ့အိမ်က ရေမြုပ်တုန်းပါ။
 ဘန်ကောက်မှာရှားတဲ့ ဝက်ခေါက်ကျော်နဲ့ ပင်လယ်ရောညှိ၊ ကပ်စေးနှဲပါ၊ ကလေးတစ်ယောက်က ပင်လယ်ရေညှိကျော်မစားရတာ ၁ လကျော်ပြီတဲ့၊ အရမ်းဝမ်းသာလို့ ဟေးလို့ထအော်တာ ဝယ်သွားသူတွေကြည်နူးလိုက်ရတာ။
 ဘေးအိမ်တွေ ရေမြုပ်နေတုန်းပါ။ ကံကောင်းတာ က  ချောင်းဖြစ်လို့ ရေကြည်နေသေးတာပဲ။


                                  
 ဘန်ဘောန် အလုပ်ရုံဖက်ပါ၊ များသောအားဖြင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေများပါတယ်။



           တချို့လူတွေက လှေသေးသေးလေးနဲ့ လူတွေအသွားအပြန်ပို့ရင်းဝင်ငွေကောင်းနေပါတယ်။

                                                         ရေထဲကဖြတ်ပြီးအလုပ်ပြန်ကြပြီ။



                                            ရေတက်ခဲ့တယ်ဆိုတဲ့ဖျက်ရခက်တဲ့သက်သေပေါ့။
                                         ဒီလိုမလုံမခြုံပဲ ဖြစ်ပါစေ နေလို့ရသလိုနေကြသေးတယ်။
                       ကားသွားလို့မရအောင် ရေကြီးနေတာမို့ လှေချတယ်၊ ပစ္စည်းတင်ပါတယ်။

 ရောက်ရောက်ချင်းမေးတာက ခြင်ဆေးပါသလားတဲ့၊ တီဗွီတွေ ကြည့်တိုင်း ရေနောက်ကြောင့်ခြင်တွေ ပေါက်နေတယ်ဆိုတာသိရက်နဲ့မေ့တဲ့ကိုယ့်ကိုယ်ကိုပဲအပြစ်တင်မိပါတယ်။ ကံကောင်းတာက သူတို့တွေ မှာ မီးသုံးလို့ရနေသေးတာပဲ၊ အိမ်မပြန်နိုင်သေးတာကြောင့် ဒီစုရပ်မှာလာနေကြတယ်၊ အတူပါတဲ့ မြို့ခံတွေ ကနောက်တစ်ခါလာရင်ယူလာပေးမယ်၊ လိုတာမှာရအောင် ဖုန်းနံပါတ်ပေးပါလို့လဲ တောင်းနေပါ သေးတယ်။

                                              ၁ မီတာခွဲ တက်ခဲ့ပြီး ခုကျသွားတာပါတဲ့။
 ရှေးဟောင်းနေရာအဖြစ် သတ်မှတ်ထားတဲ့ဘုန်းကြီးကျောင်းပါ၊ (ဝပ်ဆင်) မှောင်ထဲမို့ သေချာမကြည့်ခဲ့ရ ပါဘူး၊ ကျယ်တော့ကျယ်ပါတယ်၊ ကစားကွင်းတွေလဲတွေ့ပါတယ်၊ ဒီကျောင်းကစုရပ်ရဲ့နောက်ကပါ၊ မသဂြိုလ် ရသေးတဲ့ အလောင်းလဲ ၃ လောင်းရှိပါသေးတယ်၊



                        ပထမစုရပ်ကပါ၊ သူတို့ပဲလှေနဲ့ ကားနားထိရောက်အောင်ပြန်ပို့ပေးပါတယ်။

                                                       ဘုန်းကြီးကျောင်းဝင်းထဲမှာပါ။
                                 လမ်းကမှောင်တယ်၊ ဒီအောက်ကနေဖြတ်သွားရသေးတယ်။
 ဒွန်မောင်းလေဆိပ်ဝန်းကျင်ပါ၊ ကုန်းကျော် (အမြန်) တံတားပေါ်ကနေကြည့်ရတာပင်လယ်ပြင်လိုပါပဲ။

                                                   အပင်တွေ ပင်လုံးကျွတ်သေပါတယ်။

                                       ကဲ ဘယ်တော့ရေကျမှာတဲ့လဲ၊ ရေတွေပုတ်နံကုန်ပြီ။




   သူတို့လို ကားလမ်းဘေးနေတဲ့သူတွေတော်ပါသေးတယ်၊ ဟိုး အတွင်းဘက် ပိုင်းမှာရေတွေကြီးနေတုန်း ပါတဲ့၊ လူတွေရောက်ဖို့လဲခက်ပြီး ကူသူမဲ့နေတဲ့သူတွေ အများကြီးပါ၊ ခုထက်ထိလဲ ဘယ်အကူညီမှ မရောက်သေးတဲ့နေရာတွေကျန်ပါသေးတယ်။
 
      လူတွေမှာဒုက္ခရောက်လာမှမိတ်ဆွေကောင်းပေါ်ပါတယ်၊ ဒီလိုအချိန်မှာပဲ ရှာတွေ့နိုင်ပါတယ်၊ ရေကြီးမှုကြောင့် စိတ်ဓါတ်မခိုင်မာပဲသတ်သေတာ၊ စီးပွားပျက်တာ၊ ချေးငှားပြီးလယ်စိုက်တာရေကြီးလို့ စပါးတောင်မရိတ်လိုက်ရပဲ ဆုံးရှုံးကုန်တာ၊ ကျွဲကောသီးခြံတွေပျက်စီးတာ၊ ရေဖောက်ထုတ်မယ်၊ မထုတ်ဘူးအငြင်းပွားတာ၊ မီးမရှိလို့ အိမ်ထားသွားတာ သူခိုးဝင်ဖောက်တာ၊ ငါးဝင်မျှားတာ၊ ကုန်စုံဆိုင်ပစ္စည်းဝင်ခိုးတာ များမှများပဲ၊ ဒီထဲမှာပစ္စည်းတွေလှောင်အမြတ်များများနဲ့ထုတ်ရောင်း စတဲ့ အမြတ်ကြီးစားတွေလဲဒုနဲ့ဒေးပါ၊

        ရှိုး ပွဲတွေလုပ်၊ အကျီင်္တွေရောင်းပြီး ရလာတဲ့အလှုတွေကို ရေဘေးဒုက္ခသည်တွေကိုလှုတဲ့ပွဲတွေလဲအ
များကြီးပါ။ ဘယ်လိုပဲဖြစ်ဖြစ် ထိုင်းကရေဘေး ခံရသူတွေအမြန်ဆုံး ဒီဒုက္ခကကင်းဝေးဖို့ အမြန်ဆုံးပြန် လည် ကောင်းမွန်လာဖို့ ဝိုင်းဆုတောင်းပေးရအောင်လား။




วันอังคารที่ 29 พฤศจิกายน พ.ศ. 2554

တချို့နေရာနေတွေမှာ ရေကြီးနေသေးတဲ့ ဘန်ကောက်သို့ တစ်ခေါက်





 ဘယ်တစ်ယောက်ကမှ လူ ၁၀ ယောက်စာထက်ပိုမချက်ဖူးတော့ ဝက်သားကနဲနဲငန်သွားပါတယ်၊ ဒီတဒယ်သိပ်မငန်တော့သလိုပဲလို့ပြောတော့ မဖြစ်နိုင်တာ မြည်းရင်းလျှာ ထုံသွားတာနေမှာပေါ့လို့ပြောလို့ ရီလိုက်ရတာ။
 ၁၅ ကီလို ကြော်ပြီးတော့ ဒယ်အိုး က ဒီလို အရောင်ပြောင်းသွားပါတော့တယ်။

 တော်ပြီကွာ ၊ ခရီးလဲထွက်ရအုံးမယ်၊ မနက်ဖန် ရေထဲသွားရမှာပဲ ၊ငါရေမချိုးတော့ဘူးလို့ပြောလို့ ထအော်ပါတယ်။ အခန်းပြန်ရေချိုးနဲ့ ည ၉ နာရီကျော်မှ ချင်းမိုင်က ထွက်ပါတယ်၊ နာရီဝက်ပဲနားတယ်၊ ၄ နာရီကျော်မှာ စင်ဘူရီ (ဘန်ကောက်နဲ့ ၂ နာရီလောက်ဝေးသော) ရောက်ပါတယ်၊ ဆရာဝန်က အသက် ၉၀ကျော်ပါပြီ၊ ရင်ကျပ် ပန်းနာတွေ ကင်ဆာသမားတွေ ပျောက်တယ်ပြောပါတယ်၊ နေရာ အရပ်ရပ်က ဝေလီဝေလင်းလာတန်းစီပါတယ်၊ ဆေး တခါထိုးတာက ၂၀၀၀ ဘတ်ကျပါတယ်၊ မော်ထေဝဒါ( နတ်ဆရာဝန်) လို့တင်စားကြပါတယ်၊ တိုင်းရင်းဆေး ဆရာပါတဲ့။ လူမစည်ကားသင့်တဲ့ အရပ် လူစည်တာမကောင်းပါဘူး၊ Pris က ၄ ကြိမ်မြောက်မို့ တန်းစီစရာမလို့တော့ပါဘူး။
 PRISCRILLA  ဆေးသွားထိုးနေတုန်း အသားတွေ အိပ်ထဲထည့်ပါတယ်။

                                                                     ဆေးထိုးခဲ့ပြီ။
                                     ဘေးပတ်လည် တွေကြည့်လိုက်တိုင်း ပင်လယ်ပြင်လိုပါပဲ။
                                  မပြီးသေးတဲ့ အသားတွေ ကားစီးရင်း ထည့်ရပါသေးတယ်။

                ဘေး တဖက်မှာ ကားတွေရပ်ထားတယ်၊ အိမ်ပြန်မရသူနဲ့ အလှုခံမဏ္ဍပ်တွေ အများကြီးပါ။

                                            လေယဉ်တွေလဲ ရေ ထဲမှာပဲရှိနေသေးတယ်။
 အမြန် တံတားဖြတ်ခ တွေဈေးတက်တယ်၊ ခါတိုင်း ၄၀ ဘတ်ပါ၊ တချို့နေရာက တော့ ပုံမှန်ဈေးပါ။

 သူတို့ ကျောင်းနေဖက်သူငယ်ချင်းတွေ လဲ စနေနေ့ တိုးသွားလှုတာကြောင့် သွားပေါင်းပါတယ်။
 ကားကြီးကပေါ်ကို ပြောင်းထည့်ကြတယ်၊ ရီစရာ တစ်ခုက ချင်းမိုင်က သွားသူတွေက ကောက်ညှင်းတဲ့ ဝက်သားကျော်တဲ့( ကုန်စို) ဘန်ကောက်က လူတွေက ဆန်၊ ရေဗူး (ကုန်ခြောက်)၊
 ဒါကသဘောတရားပါ၊ ရေတွေနံ၊ အိမ်ထောင် ပရိဘောက တွေ ပျက်စီးလို့ပုံထားတာတွေလဲ နေရာတော်တော်များများပါ။
                                                         ထိုင်းတွေခေါ်တဲ့ Big Bag
                         ဒီတပတ် ငါတို့ထီထိုးမယ်လို့ပြောပြီးရိုက်ခဲ့တဲ့ နံပါတ်ပြားတွေပေါ့။
  ရေတွေက ကျသွားပြီဆိုပေမယ့်လဲ သွားလာရေးခက်တုန်းပါ၊ ခြောက်တဲ့နေရာတွေ တော့ ရေကျလို့ကျန်ခဲ့တဲ့ ဖုန်တွေက တသောသော...... ဆက်ပါ့မယ်။

จำนวนการดูหน้าเว็บรวม

 
Copyright (c) 2010 ပိတောက်. Design by WPThemes Expert

Themes By Buy My Themes And Web Hosting Reviews.