แสดงบทความที่มีป้ายกำกับ ဘာသာပြန် แสดงบทความทั้งหมด
แสดงบทความที่มีป้ายกำกับ ဘာသာပြန် แสดงบทความทั้งหมด

วันจันทร์ที่ 14 พฤศจิกายน พ.ศ. 2554

အတုံ့အလှည့်


                                   အတုံ့အလှည့်
              
            တခါက အိမ်တစ်အိမ် မှာ အဖေရယ်၊အမေရယ်၊ သားတစ်ယောက် ရယ်အဘွား ရယ်နေထိုင် ကြတယ်။အဘွားကတော့ အိုမင်း အားနည်း ပြီဖြစ်လို့ ဘာကိုင်ကိုင်လက်မမြဲလှဘူး။ လက်ကတုန် နေတာကြောင့် ပစ္စည်းတွေကိုင်ဖို့ခက်ပြီး ခဏခဏလဲ လွတ်ကျ တတ်တယ်။
            အထူးသဖြင့် မိသားစုတွေထမင်းဝိုင်းစားချိန်မှာ ထမင်းပန်ကန်ကိုင်ဖို့တောင် ခဲယှဉ်းလှပါတယ်။ လက်ကတုန်နေတာကြောင့် ထမင်းတွေက အမြဲတမ်းစားပွဲမှာ ပြန့်ကျဲလေ့ရှိတယ်။ ဒါကြောင့်ချွေးမကအ ဘွားကြောင့်စိတ်ရှုပ်လေ့ ရှိတယ်။ သီးမခံနိုင်တာကြောင့် ခင်ပွန်းဖြစ်သူနဲ့ တိုင်ပင်တယ်၊ရှင့်အမေ ထမင်းစားတာ ပွကျဲနေတာပဲ၊ ထမင်းတောင်မျိုမကျဘူး၊ သီးမခံနိုင်တော့ဘူးလို့ဆိုတယ်။ သူ့အမေ လက်တုန် တာသူကလဲ ဘာမှမတတ်နိုင်ဘူးလေ။ ရက်အနည်းငယ် အကြာမှာတော့ သူ့ခင်ပွန်းကို ထပ်ပြောပြန်ရောတဲ့ရှင်ဘာမှ မလုပ်တော့ဘူးလား၊ ဖြေရှင်းဖို့ မကြိုးစားတော့ဘူးလား၊ ကျမ တကယ်ပဲ သီးမခံနိုင်တော့ဘူးလို့ ရန်တွေ့သတဲ့။
            ဒီမှာတင် ခင်ပွန်းသည်က သူ့မိန်းမကို လိုက်လျောပြီး ထမင်းစားချိန်ရောက်တော့ သူ့အမေကို တခြားစားပွဲမှာ စားစေတယ်၊ အဘွားကပန်းကန် ခဏခဏ လုပ်ခွဲတဲ့ အကြောင်းပြချက်နဲ့ အပေါစားတွေနဲ့ထည့်ကျွေးတယ်၊ ထမင်းစားဖို့ရောက်လာတဲ့ အဘွားက အရမ်းဝမ်းနည်းသွားတယ်၊ အဘွား ကိုယ်၌ ကမှ သူ့လက်တွေမတုန်အောင် မထိန်းနိုင်တာ ဒီကိစ္စကို ဘယ်လိုရှင်းရမှာတဲ့လဲ။ အရမ်းပူဆွေးတဲ့ အဘွားက အတိတ်ကို သတိရသွားတယ်၊ သူ့သားကို မငြီးမငြူ စောင့်ရှောက်လာရတာ၊ နေမကောင်းချိန်မှာ ပြုစုလာရတာတွေ၊ သားရဲ့ပြဿနာတိုင်း ကူညီဖြေရှင်း ပေးခဲ့တာတွေကို ပြန်သတိရပြီး ခုလို မသန်စွမ်းချိန်မှာ စွန့်ပစ်ခံရတဲ့အတွက် အရမ်းဝမ်းနည်းမိတယ်။
              ရက်တွေကြာသွားလဲ အဘွားမှာတော့ ပူဆွေးလျက်ပဲ၊ မျက်နှာပေါ်မှာ အပြုံးတွေလဲ ပျောက်ကွယ်ခဲ့ပြီ၊ အဘွားကို စောင့်ကြည့်နေမိတဲ့  မြေးက အဘွားကိုလာနှစ်သိမ့်ရှာတယ်၊ အဘွားကို အဖေနဲ့ အမေ ဒီလို လုပ်လို့ အဘွားစိတ်ဆင်းရဲနေတာ မြေးသိပါတယ်၊ ဒါပေမယ့် စိတ်မပူပါနဲ့ အဘွားရယ်၊ မြေးလေးမှာ အဘွားမြေးတို့နဲ့ အတူထမင်းတဝိုင်းထဲ ပြန်ထိုင်စားနိုင်မယ့် နည်းရှိပါတယ်အဘွားရဲ့ စိတ်ထဲမှာ မျှော်လင့်ချက်လေးတောက်ပသွားတယ်၊ မြေးလေးကိုဘယ်လိုလုပ်ရမလဲလို့အားတက် သရောမေးလိုက်တယ်၊ဒီနေ့ ညစာစားချိန်မှာ ထမင်းပန်ကန် ကို လွတ်ချလိုက်သိလားနားထောင်နေတဲ့ အဘွားအံ့အားသင့်သွားတယ်၊ မြေးလေးက ထပ်ပြောတယ်။မြေးပြောသလိုလုပ်ပါ၊ ကျန်တာမြေးတာဝန်ထားလို့ထပ်ပြောတယ်။
              ညစာစားချိန်ရောက်တော့ မြေးလေးဘာအစီစဉ်ရှိမှန်း မသိပေမယ့် ပြောသလိုလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်၊ ထမင်းပန်းကန် ကိုမ ပြီး မသိမသာလွတ်ချလိုက်တယ်၊ ချွေးမက ဆူဖို့ထလိုက်တာ သူ့အရင်သူ့သားလေးက ထလာပြီးအဘွား ဘာလို့ပန်းကန်တွေလုပ်ကွဲ ပြန်ပြီလဲ၊ အမေ အသက်ကြီးလာရင် အမေ့ကို အဲ့ပန်းကန်နဲ့ ထည့်ကျွေးမလို့ပါဆို၊ အဘွားလုပ်ခွဲတော့ အမေဘာနဲ့စားရမှာလဲ၊ အသုံးကိုမကျဘူးလို့ထပြောလိုက်တယ်၊ သားရဲ့စကားကြောင့် အမေမှာ မျက်နှာပျက်သွားပြီး ဘာမှပြောမထွက်နိုင်တော့ဘူး။
              သူမရဲ့လုပ်ရပ်က သူ့သားကို နမူနာ ဖြစ်စေခဲ့ပြီ၊ သူလုပ်သလို သူ့ကိုပြန်လုပ်တော့မယ်ဆိုတာ သိပြီး အရမ်းလဲ ရှက်၊ နောင်တလဲရလိုက်တယ်။ အဲ့ အချိန်လေးက စပြီး အဘွားဟာ မိသားစုနဲ့ ထမင်းတူတူ ပြန်ဝိုင်းစား လာရတော့တယ်။
                                           www.tamdee.multiply.com

วันเสาร์ที่ 15 ตุลาคม พ.ศ. 2554

အတွေးကောင်း ၊ အတွေးသစ်များ


                              အတွေးကောင်း၊ အတွေးသစ်များ
-       မိတ်ဆွေဆိုတာ ဘယ်တော့မှ ကုန်ဆုံးတယ် ဆိုတာမရှိပါဘူး၊ မှန်ပါတယ်၊ ဒါပေမယ့် သင် မေ့သွားတာက ပြောင်းလဲ သွားတတ်တယ် ဆိုတာပဲ။
-       သင် ဒုက္ခ ရောက်နေချိန်မှာ သင့် ကိုကူညီမဲ့သူ မရှိဘူးဆိုရင် ၊ သင် ပျော်ရွှင်ချိန်မှာ သင်နဲ့အတူ ဝမ်းမြောက်သူ မရှိဘူးဆိုရင် သင့်ကိုယ်တိုင်အတွက် စစ်မှန်တဲ့ သူငယ်ချင်းကောင်း ရှာရတော့မယ်။
-       အတိတ်က ပြီးသွားပြီ၊ နာကျင်မှုတွေကို မေ့လိုက်ပါတော့၊ ခံစားနာကျင် ရမှုတာတွေက အတိတ်နဲ့ ဖြတ်သွားခဲ့ပြီ။
-       ဘယ်သူ့ကိုမဆို အရေးတယူ ရှိပါစေ၊ လူတိုင်းဟာ သင့်အတွက် အရေးကြီးပါတယ်။
-       သင့်ရဲ့ အတိတ်က နာကျင်မှုဟာ သင့်ကို မသေစေ နိုင်ပါဘူး၊ သင့်ကို ပိုပြီးသန်မာစေတယ် ၊ ရင့်ကျက်စေတယ်။
-      သင့်ဘဝ ရဲ့ပျော်ရွှင်မှုဟာ သူတစ်ပါး အပေါ် မူတည်တာ မဖြစ်စေနဲ့။

-       အချစ်နဲ့ အိမ်ထောင်ရေးက အရေးကြီးပါတယ်၊ ဒါကြောင့် အလွယ်တကူ မဆုံးဖြတ်ပါနဲ့။

-       သင်ချစ်တဲ့ သူတွေအပေါ် မွေးနေ့တွေ၊ အရေးကြီးတဲ့ နေ့တွေအပြင် နေ့တိုင်းချီးကျူး၊ အားပေး ပေးပါ။

ချေးငှားခဲ့မယ်ဆိုရင်   - ပြန်ပေးလိုက်ပါ။

ဖျက်ခဲ့မယ်ဆိုရင်       - ပြန်ပြင်ပါ။

သိပြီဆိုရင်              - လွတ်ထားလိုက်ပါ(မေ့လိုက်ပါ)။

လိုချင်ရင်                - တောင်းပါ။

သုံးပြီးရင်                - သန့်ရှင်းအောင်ဆေးပါ။

သုံးပြီးရင်                - နေရာတကျထားပါ။

လုပ်မှားမိရင်            - တာဝန်ယူပါ။

သင်ယုံရင်               - အောင်မြင်လိမ့်မယ်။

ပိုင်ရှင်ဖြစ်တယ်ဆိုရင် - ကာကွယ်ပါ။

ရှိရင်                      - ဝေငှပါ။

လူတစ်ယောက်ကိုချစ်မိရင် - ချစ်ကြောင်းပြပါ။

သင့်ဘဝ ထဲ ဖြတ်လာတဲ့ သူတွေက အကျိုးကြောင်းရှိပြီး အခွင့်ရေးကြောင့်လဲ ဖြစ်တယ်၊ အပျော်တွေ သင်ခန်းစာတွေ ယူလာပေးတယ်။ မျှော်လင့်ချက် မဲ့ခဲ့ရင် ဘဝပေါ် အကောင်းမြင်ပါ။
အနည်းဆုံးတော့ သင့်ကို အမှန်တကယ် ချစ်တဲ့ မိဘတွေ ရှိသေးတယ်။
                                                                                                  www.pattanakit.net

วันอังคารที่ 11 ตุลาคม พ.ศ. 2554

မယူခင်ပေးပါ

                   မယူခင်ပေးပါ။
          တစ်ခါက ခရီးသွားတစ်ယောက်က သဲကန္တရ ထဲမှာလမ်းမှားနေခဲ့တယ်။ တဝဲ ဝဲ လှယ်လှယ်နဲ့ ရက်ပေါင်းများစွာ လမ်းမှားနေတာကြောင့် အစာအာဟာရ ပြတ်လတ်သွားတယ်။ ဆာလောင်မွတ်သိပ်မှု၊ ရေပြတ်လတ်မှုကြောင့် နှုတ်ခမ်းတွေခြောက်သွေ့ပြီး ခြေထောက်တွေလဲ နာကျင် ရောင်ရမ်းလာတယ်၊ အသားအရေ တွေလဲလောင်ကျွမ်းပြီးအရေခွံတွေတောင်လန်လာတယ်။

ဒီမှာတင် အမှတ်မထင် ရေတွင်းတစ်ခုကိုတွေ့လိုက်တယ်၊ရေကလက်နဲ့နှိပ်ရတဲ့တွင်းဖြစ်နေတယ်၊ ဝမ်းသာအားရနဲ့ ရှိသမျှ အားတွေစုပြီး ရေနှိပ်လိုက်ပေမဲ့ ရေမထွက်လာဘူး။
      
 စိတ်ပျက်လက်ပျက်နဲ့ ဘေးဘီကိုကြည့်လိုက်တယ်၊ဒီမှာတင် စာရွက်တစ်ရွက်သစ်သားပြားတစ်ခုမှာညှပ်နေတာတွေ့တယ်၊ စာရွက်ကလေးကို ကြည့်လိုက်တော့ “အရှေ့ဘက်ကို ကြည့်လိုက်ပါ၊ ဆူးပင်တစ်ပင်ကိုတွေ့လိမ့်မယ်၊ ဆူးပင်အောက် မှာရေတစ်ဗူးကိုတွေ့လိမ့်မယ်၊ ဒါပေမယ့်လုံးဝမသောက်လိုက်ပါနဲ့၊ ရေစုပ်စက်ထဲ ကိုလောင်းချလိုက်ပါ၊ ပြီးရင်ရေကို အမြန်နှိပ်လိုက်ပါ၊ ရေတွေအများကြီးထွက်လာပါလိမ့်မယ်။” လို့ရေးထားတယ်။
     
ခရီးသွားမှာတော့ ရေဆာလို့သေလုနီးပါး ရှိပြီး လည်ချောင်းတွေလဲ အက်ကွဲလို့၊ စာရွက်ကိုလဲ ယုံရခက် မယုံရခက်နဲ့ မို့ ဘာလုပ်ရမှန်းမသိတော့ဘူးပေါ့။ နောက်ဆုံးမှာတော့ ရေစုပ်တွင်းထဲ ရေလောင်းထည့်ဖို့ ဆုံးဖြတ်လိုက်တယ်၊ 
     
ဒီမှာတင် ရေတွေဒလဟောထွက်လာတော့တယ်၊ ခရီးသွားက ရေတွေတဝသောက်ပြီး သူ့ကိုယ်ပေါ်လဲ လန်းဆန်းသွားအောင်ရေတွေဖျန်းလိုက်တယ်၊ ပြီးတော့မှ ရေဗူးထဲကိုရေပြန်ဖြည့်လိုက်တယ်။ သူ့လိုမျိုး တခြားခရီးသွား တွေရောက်လာခဲ့ရင် သောက်ရအောင်လို့ပေါ့၊ တကယ်လို့များ ရေစုပ်စက်ထဲ သူသာရေမလောင်းထည့်ခဲ့ရင် ရေတွေခုလိုထွက်လာမှာမဟုတ်သလို၊ သူလဲရေသောက်ရမှာမဟုတ်ဘူး။
မပေးခဲ့ရင် ရလာစရာ( လက်ခံစရာ) အကြောင်းလဲမရှိပါဘူး၊ သူတစ်ပါးကိုပေးရင် သင်လဲ ပြန်ရမှာပေါ့။
                                       မယူခင်ပေးပါ။

                                                 ข้อมล.. นิตยสารแม๋พระยดใหม่

จำนวนการดูหน้าเว็บรวม

 
Copyright (c) 2010 ပိတောက်. Design by WPThemes Expert

Themes By Buy My Themes And Web Hosting Reviews.