แสดงบทความที่มีป้ายกำกับ ကဗျာ แสดงบทความทั้งหมด
แสดงบทความที่มีป้ายกำกับ ကဗျာ แสดงบทความทั้งหมด

วันอังคารที่ 20 ธันวาคม พ.ศ. 2554

စိတ်ဒုက္ခ



 စိတ်ဒုက္ခ

အသက်တစ်ရာ မနေရပေမင့်
အမှုတစ်ရာ ကြုံရတာမို့
ပေဖြစ်တော့ ခံရတာပ
ကိုယ့်ဒုက္ခ။

 မကောင်းတာတွေ
နှစ်ဟောင်းမှာ ကုန်ပလေ့စေတော့
သူသူကိုယ်ကိုယ်ကြုံကြတာပ
ပေါ့ပေါ့ပါးပါး
ဒါလေးများ ..တဲ့။

အတွေ့ကြုံရယ်တဲ့အသစ်လို့
အားတင်းကာထားပေမင့်
ခလုတ်ထိတော့ ကောက်ရိုးလဲဆွဲရတာပ
ကိုယ့်ဒုက္ခ။

ဇာတ်နာအောင် ထပ်ရစ်လို့
မပြချင်ပါဘု
စာရွက်ဆိုလဲ ဆွဲဆုတ်ချင်တာပ
စောင်းလို့တောင်မကြည့်ချင်တဲ့
ကိုယ့်ဒုက္ခ။

วันศุกร์ที่ 28 ตุลาคม พ.ศ. 2554

ချင်းမိုင်မြို့လေးရဲ့ မသွားချင်တဲ့လမ်း

   ချင်းမိုင်မြို့လေးရဲ့မသွားချင်တဲ့လမ်း

ဟိုစုစု ဒီစုစုနဲ့
လာခေါ်မဲ့သူ စောင့်နေတဲ့သုတွေ
ထိုးရပ်လာမဲ့ကား ကိုယ့်နဲ့သင့်တော်မလား
ဈေးမေး အလုပ်မေးနဲ့
ပျားပန်းခတ် မနက်ခင်းလှုပ်ရှားနေရဲ့။

တရိပ်ရိပ် နေမြင့် ကျိုးတိုးကျဲတဲ
သစ်ရိပ်ဝါးရိပ်ခိုရင်း
ကားရပ်ရင်အပြေးသွား
ကိုယ့်ကိုယ်များခေါ်လေမလားပဲ။

အလုပ်ရှာသူနဲ့ အလုပ်သမားသိတဲ့
ဒီစုရပ်လေးထဲ ရဲတွေလဲသိသတဲ့
အခန့်မသင့်ရင်ဝင်ဆွဲ
အလုပ်အစား ချုပ်မိမှာ
စိုးတာကြောင့် ဒရောသောပါး
ဦးတည်ရာပြေးကြရသေးတာလား။

ညနေစောင်းလုပြီ
အချိန်ကုန် လက်ပန်းကျ
ဘယ်နေရာမှ အသုံးမကျသူလို
ရုံးဆင်းသူတွေ ကျောင်းဆင်းသူတွေ
ကားတွေရှုပ်ရှက်ခတ် အဓိပါယ်မဲ့ငေးရင်း
 အိမ်အပြန်မျှော်နေမဲ့
ယုံကြည်ချက် မျက်ဝန်းတွေအတွက်
ခံစားချက်မဲ့စွာနဲ့
သူပြန်သွားခဲ့ပြီ။

နေ့စားအလုပ်ရှာသော LOTUS PLAZA (ခမ်းထရင့်) လမ်းကလေးပေါ်မှမြန်မာ့နေ့စား အလုပ်သမား အားလုံးရဲ့ကိုယ်စား

วันพุธที่ 5 ตุลาคม พ.ศ. 2554

နင့်ကိုငါမချစ်ဘူး



             
ငါသေမှ နင့်မျက်စိတွေ နင်ဖွင့်တော့မယ် တဲ့
မစွပ်စွဲပါနဲ့ ဟုတ်ပေမယ့်လည်း
နင့်ရင်ထဲပဲ ထားပေးပါ၊

မကြည့်ချင်လို့ မဟုတ်ရပါဘူး
အချစ်ဆိုတာနဲ့ နင့်ကို
တွဲစပ်ကြည့်လို့မရတာပါ၊

မျှော်လင့်ချက် ပေးရအောင်လဲ
ငါ့စကားတွေ နယ်မကျွံခဲ့ပါဘူး
နင့်ရဲ့အထီးကျန်မှု ကိုဖြည့်ဆည်းပြီး
ရင်ဗလာနဲ့ ငါအထီးကျန်နေရမှာလား၊

အချစ်ဆိုတာ
မွေးမြူလို့ရတာမဟုတ်သလို
ဦးဏှောက်နဲ့လဲရွေးလို့မရတာကြောင့်
သံယောဇဉ်နဲ့ အချစ်ဖြစ်လာအောင်
ဆွဲယူဖို့မကြိုးစားပါနဲ့၊

နင်ပြောသလို
မိန်းမတွေရဲ့ဟင့်အင်းက အင်းတဲ့
အဲ့ထဲငါမပါတာ နင်သိပြီမို့
ဘာကြောင့် ဆိုတဲ့
အကြောင်းပြချက်မတောင်းပါနဲ့
နင့်ကိုငါမချစ်ဘူး။






  

วันพุธที่ 27 กรกฎาคม พ.ศ. 2554

အစုန်


သနပ်ခါးသွေးလိမ်းမပေးခဲ့ပေမယ့်
ပတ်ကြားအက်တဲ့ခြေလက် ၊ ညနေတိုင်းတခုတ်တရ
ဆေးလူးပေးတဲ့အဖေ။
 
အအေးမိတော၊့ ရင်ဘတ်ဆီလူး
အဖေမဆလာလုပ်ပေးမယ် တဲ့
နေကောင်းကောင်း၊ မကောင်းကောင်း
အဖေဆီလူးတာနှစ်သက်
တယောက်တလှည့်ဇိမ်ယူကြတယ်။

ထုတ်လာတဲ့ဗလာစာအုပ် ၊ လက်ရေးစောင်းစောင်း
နာမည်တတ်ပေးခဲ့တဲ့အဖေ၊
အားတဲ့ညနေထမင်းချက် ၊ သားသမီးတွေကျောင်းအပြန်
စားရဖို့ဝယ်ခြမ်းချက်ပြုတ် ၊ “စားကောင်းလိုက်တာအဖေ”
ပီတိဖြာဒီစကားကြောင့်
“စား ၊ စား” ၀မ်းအပြင်အိတ်မပါဘူးတဲ့လား။
ဝမ်းရေးအတွက်တနယ်စီ၊မချိတရိလွတ်ရတဲ့သက်သေ၊  
ထင်ဟတ်တဲ့အဖေ့မျက်ဝန်း၊ ရဲရဲမကြည့်ရဲခဲ့ဘူး၊
သားသမီးတွေအိမ်အပြန် ၊ ထမင်းမစားနိုင်အောင်အပျော်လွန်
စိတ်ဒုက္ခတွေခံစားခဲ့ရတဲ့အဖေ။

“ငါ့သားသမီးတွေနားသွားသေမယ်” တဲ့
ပိတ်ရက်ရယ်လို့ ၊ စုံစုံညီညီ
အဖေ့နားမရှိ ၊ အဖေမရှိမှ
ဘေးပတ်ပတ်လည် ၊ ၀ိုင်းနေထိုင်ကြလေရဲ့။

ခေတ်ကြောင့်လား ၊ စနစ်ကြောင့်လား
အဖေတစ်ယောက်က ၊ သားသမီးတွေအတွက်
အလျင်မှီပေမယ့် ၊ ဒီလေးယောက်က
အဖေ့ကိုအလျင်မမှီခဲ့ဘူး၊

နီးအောင်လာခဲ့ရပေမယ့် ၊ ဝေးနေရတဲ့အဖေ
နေရာစိမ်းမှာ ၊ အထီးကျန်လို့
အတက်နှေးတဲ့ဆန်ရေအတွက်
ညဉ်းခဲ့လေမလား၊

အဖေမရှိမှ ၊ တရေးရေးမြင်
နောင်တတွေတသီတတန်းနဲ့
အောက်မေ့တသရတဲ့အဖေ
ပေးသလောက် ၊ မလောက်နိုင်တဲ့
သားသမီးတွေအတွက် ၊ ခွင့်လွတ်ပေးပါဆိုတာနဲ့
အိက်မက်ထဲလာခဲ့ပါအုံးလို့၊ ထပ်တောင်းဆိုပါရစေ။    

จำนวนการดูหน้าเว็บรวม

 
Copyright (c) 2010 ပိတောက်. Design by WPThemes Expert

Themes By Buy My Themes And Web Hosting Reviews.