အတွေးကောင်း၊ အတွေးသစ်များ
- မိတ်ဆွေဆိုတာ ဘယ်တော့မှ ကုန်ဆုံးတယ် ဆိုတာမရှိပါဘူး၊ မှန်ပါတယ်၊ ဒါပေမယ့် သင် မေ့သွားတာက ပြောင်းလဲ သွားတတ်တယ် ဆိုတာပဲ။
- သင် ဒုက္ခ ရောက်နေချိန်မှာ သင့် ကိုကူညီမဲ့သူ မရှိဘူးဆိုရင် ၊ သင် ပျော်ရွှင်ချိန်မှာ သင်နဲ့အတူ ဝမ်းမြောက်သူ မရှိဘူးဆိုရင် သင့်ကိုယ်တိုင်အတွက် စစ်မှန်တဲ့ သူငယ်ချင်းကောင်း ရှာရတော့မယ်။
- အတိတ်က ပြီးသွားပြီ၊ နာကျင်မှုတွေကို မေ့လိုက်ပါတော့၊ ခံစားနာကျင် ရမှုတာတွေက အတိတ်နဲ့ ဖြတ်သွားခဲ့ပြီ။
- ဘယ်သူ့ကိုမဆို အရေးတယူ ရှိပါစေ၊ လူတိုင်းဟာ သင့်အတွက် အရေးကြီးပါတယ်။
- သင့်ရဲ့ အတိတ်က နာကျင်မှုဟာ သင့်ကို မသေစေ နိုင်ပါဘူး၊ သင့်ကို ပိုပြီးသန်မာစေတယ် ၊ ရင့်ကျက်စေတယ်။
- သင့်ဘဝ ရဲ့ပျော်ရွှင်မှုဟာ သူတစ်ပါး အပေါ် မူတည်တာ မဖြစ်စေနဲ့။
- အချစ်နဲ့ အိမ်ထောင်ရေးက အရေးကြီးပါတယ်၊ ဒါကြောင့် အလွယ်တကူ မဆုံးဖြတ်ပါနဲ့။
- သင်ချစ်တဲ့ သူတွေအပေါ် မွေးနေ့တွေ၊ အရေးကြီးတဲ့ နေ့တွေအပြင် နေ့တိုင်းချီးကျူး၊ အားပေး ပေးပါ။
ချေးငှားခဲ့မယ်ဆိုရင် - ပြန်ပေးလိုက်ပါ။
ဖျက်ခဲ့မယ်ဆိုရင် - ပြန်ပြင်ပါ။
သိပြီဆိုရင် - လွတ်ထားလိုက်ပါ(မေ့လိုက်ပါ)။
လိုချင်ရင် - တောင်းပါ။
သုံးပြီးရင် - သန့်ရှင်းအောင်ဆေးပါ။
သုံးပြီးရင် - နေရာတကျထားပါ။
လုပ်မှားမိရင် - တာဝန်ယူပါ။
သင်ယုံရင် - အောင်မြင်လိမ့်မယ်။
ပိုင်ရှင်ဖြစ်တယ်ဆိုရင် - ကာကွယ်ပါ။
ရှိရင် - ဝေငှပါ။
လူတစ်ယောက်ကိုချစ်မိရင် - ချစ်ကြောင်းပြပါ။
သင့်ဘဝ ထဲ ဖြတ်လာတဲ့ သူတွေက အကျိုးကြောင်းရှိပြီး အခွင့်ရေးကြောင့်လဲ ဖြစ်တယ်၊ အပျော်တွေ သင်ခန်းစာတွေ ယူလာပေးတယ်။ မျှော်လင့်ချက် မဲ့ခဲ့ရင် ဘဝပေါ် အကောင်းမြင်ပါ။
အနည်းဆုံးတော့ သင့်ကို အမှန်တကယ် ချစ်တဲ့ မိဘတွေ ရှိသေးတယ်။
www.pattanakit.net
1 comments:
အားဖြစ်စေတယ်။ ဗဟုသုတရစေတယ်။ အတွေးအခေါ်တွေ တိုးပွားစေတယ်။ ဒီပို့စ်လေးကို ကြိုက်တယ်။
ခင်တဲ့
မေသိမ့်
แสดงความคิดเห็น