วันศุกร์ที่ 11 มกราคม พ.ศ. 2556

ငါ - မင်းကိုလွမ်းနေတယ်


လက်ချိုးရေတွက်၊ ဆယ်နှစ်ပြည့်ခါမှ
မင်းကိုလွမ်းတယ်ဆို
အသဲနှလုံးမရှိတဲ့ မိန်းမရယ်လို့
စွပ်စွဲခံထိခဲ့တဲ့ နေရာလေးက
ပြုံးနေမလား။

တစ်နေကုန်မတ်တပ်ရပ်
ထိုးလိုက်ရတဲ့ ချည်ထည်
ယောင်ရမ်းခဲ့တဲ့ခြေထောက်တွေ
ပုလိပ်ရှိလို့ လမ်းထိပ်မှမထွက်ရဲ
စက်ရုံကပေးတဲ့ ထမင်းကြမ်း
မျိုမကျလဲ ဝမ်းဝအောင်စားခဲ့ရတဲ့.. ဘန်းခဲ။

ကြည့်စရာတီဗွီ
အပျင်းဖြေရာ ကက်ဆက်လေးရယ်မှမရှိ
ကိုယ့်ကိုယ်ကိုဖျော်ဖြေ ၊ သူအော်ကိုယ်အော်
နားရက်တွေမှာကျော်ဖြတ်ခဲ့ရတဲ့ .. ဘန်းခဲ။

ကြောက်သူကို ပိုခြောက်တဲ့
လောကကြီး၊ တစ်ခါလေးဈေးဝယ်ထွက်မှ
တည့်တည့်တိုးရတဲ့ပုလိပ်
ကြွေးရှင်ကို ကြွေးဆပ်သလို
တောင်းပန်ပေးခဲ့ရတဲ့ပိုက်ဆံ
မျက်နှာငယ်လေးနဲ့၊ ကားခလေးကိုင်ပြီး
ပြန်ခဲ့ရတဲ့.. ဘန်းခဲ

ထမင်းတွေအတူစား
သူလိုတာကိုယ်ကူ၊ကိုယ်လိုတာသူကူနဲ့
ဖြတ်သန်းခဲ့ရတဲ့ ဘန်းခဲ ရေ
လွမ်းနေတယ်လို့ပြောရင်
တားခဲ့သူတွေ
မျက်စောင်းခဲနေမလား။

၆ လတာ နေခဲ့ရသော ဘန်းခဲချည်ထည်စက်ရုံ(ဘန်ကောက်) အမှတ်တရ

1 comments:

Crystal กล่าวว่า...

မျက်စောင်းမခဲပါဘူး လွမ်းနေပါတယ် :)

แสดงความคิดเห็น

จำนวนการดูหน้าเว็บรวม

 
Copyright (c) 2010 ပိတောက်. Design by WPThemes Expert

Themes By Buy My Themes And Web Hosting Reviews.