วันศุกร์ที่ 11 มกราคม พ.ศ. 2556

ငါ - မင်းကိုလွမ်းနေတယ်


လက်ချိုးရေတွက်၊ ဆယ်နှစ်ပြည့်ခါမှ
မင်းကိုလွမ်းတယ်ဆို
အသဲနှလုံးမရှိတဲ့ မိန်းမရယ်လို့
စွပ်စွဲခံထိခဲ့တဲ့ နေရာလေးက
ပြုံးနေမလား။

တစ်နေကုန်မတ်တပ်ရပ်
ထိုးလိုက်ရတဲ့ ချည်ထည်
ယောင်ရမ်းခဲ့တဲ့ခြေထောက်တွေ
ပုလိပ်ရှိလို့ လမ်းထိပ်မှမထွက်ရဲ
စက်ရုံကပေးတဲ့ ထမင်းကြမ်း
မျိုမကျလဲ ဝမ်းဝအောင်စားခဲ့ရတဲ့.. ဘန်းခဲ။

ကြည့်စရာတီဗွီ
အပျင်းဖြေရာ ကက်ဆက်လေးရယ်မှမရှိ
ကိုယ့်ကိုယ်ကိုဖျော်ဖြေ သူအော်ကိုယ်အော်
နားရက်တွေမှာကျော်ဖြတ်ခဲ့ရတဲ့ .. ဘန်းခဲ။

ကြောက်သူကို ပိုခြောက်တဲ့
လောကကြီး၊ တစ်ခါလေးဈေးဝယ်ထွက်မှ
တည့်တည့်တိုးရတဲ့ပုလိပ်
ကြွေးရှင်ကို ကြွေးဆပ်သလို
တောင်းပန်ပေးခဲ့ရတဲ့ပိုက်ဆံ
မျက်နှာငယ်လေးနဲ့၊ ကားခလေးကိုင်ပြီး
ပြန်ခဲ့ရတဲ့.. ဘန်းခဲ

ထမင်းတွေအတူစား
သူလိုတာကိုယ်ကူ၊ကိုယ်လိုတာသူကူနဲ့
ဖြတ်သန်းခဲ့ရတဲ့ ဘန်းခဲ ရေ
လွမ်းနေတယ်လို့ပြောရင်
တားခဲ့သူတွေ
မျက်စောင်းခဲနေမလား။

လတာ နေခဲ့ရသော ဘန်းခဲချည်ထည်စက်ရုံ(ဘန်ကောက်) အမှတ်တရ

1 comments:

Crystal กล่าวว่า...

မျက်စောင်းမခဲပါဘူး လွမ်းနေပါတယ် :)

แสดงความคิดเห็น

จำนวนการดูหน้าเว็บรวม

 
Copyright (c) 2010 ပိတောက်. Design by WPThemes Expert

Themes By Buy My Themes And Web Hosting Reviews.