วันพุธที่ 2 มกราคม พ.ศ. 2556

နာကျင်သူတို့စုဝေးရာ









ဆေးရုံမဟုတ်ပဲ ဆေးရုံလိုလူနာတွေ ဝင်ထွက်သွားလာ နေထိုင်တဲ့ ဒီအိမ်လေးက ချင်းမိုင်မြို့လယ်ကနေ (၁၅- ၂၀) မိနစ် လောက်(ဆိုင်ကယ်) သွားရတဲ့ နေရာလေးမှာ ရှိပါတယ်။
   ထိုင်း ၊မြန်မာ နယ်စပ် မြဝတီနဲ့ အနီးဆုံးမြို့တွေက ဆေးလာကုကြသလို မိုင်းရှုးလို ဝေးတဲ့နေရာကလဲ လာကြပါတယ်။ မဲဆောက် ကျောင်းသားဆေးခန်းမှာ ကုသလို့မလွယ်တဲ့ ရောဂါသည်တွေကို ချင်းမိုင်ပို့ပြီး ဆေးလာကသပါတယ်။ ဒီအိမ်လေးကတော့ သူတို့တွေတည်းခိုရာ နေရာလေးပါ။
  များသောအားဖြင့် နာတာရှည် ရောဂါသည်တွေနဲ့ နွမ်းပါးသူတွေပါ။ တချို့ကတော့ ဒီအိမ်လေးမှာ ဆရာဝန်ချိန်း တော့ လာလိုက်၊ ရက်ချိန်းဝေးတော့ အိမ်ပြန်လိုက်နဲ့ အခေါက်ခေါက် အခါခါ မြန်မာပြည်နဲ့ ဒီနေရာလေးကို သွားလိုက်ပြန်လိုက် လုပ်ရပါတယ်။
  ဒီလူနာအိမ်လေးက ခြံကျယ်တော့ သီးပင်၊စားပင်တွေလဲ အများကြီးရှိပါတယ်၊ အထူးသဖြင့် ချဉ်ပေါင်နဲ့ သဘောင်္ပင် တွေပါ။ ထိုင်းနိုင်ငံထဲ ဆိုပေမင့် ဗမာစကားတွေ ဝေဝေဆာဆာ နဲ့ ဆေးရုံသွားလဲ စကားပြန်နဲ့ အဆင်ပြေလှပါတယ်။
  ဘယ်လိုပဲ အဆင်ပြေနေပါစေ၊ ရောဂါဝေဒနာ ရှိနေသူတွေအတွက်၊ နာကျင်နေသူတွေ အတွက်တော့ အကောင်းဆုံး ဆိုတာလဲ ခံစားမိချင်မှ ခံစားမိမှာပါပဲ။
   ရောဂါတွေလဲ စုံလှပါတယ်။ မွေးကတည်းက မျက်စိ တိမ်စွဲနေသူတွေ၊ မွေးကတည်းက စအိုပေါက်မပါသူ၊ ခြေမသန်သူ၊ ဦးဏှောက်အကျိတ်ကြောင့် မျက်စိကွယ်နေသူ၊ နှလုံးရောဂါသည်၊ သွေးကင်ဆာ၊ ဓါတ်ကင်တဲ့အဆင့်ရောက်သူ၊ အိုး တစ်နေရာထဲမှာတင် စုံလိုက်တာ၊ ဓါတ်ပုံတောင် မရိုက်ရက်အောင်ပါပဲ။ ကျောက်ကပ်လို၊ အစာအိမ်လို၊ အဆုတ်ရောဂါလို တွေတော့ မပြောနှင့်တော့၊ တစ်ပတ်တစ်ခါ မရိုးနိုင်တဲ့ လူနာနဲ့ ရောဂါအသစ်တွေ ရောက်လာတတ်ပါတယ်။ ရောဂါစုံလွန်းလို့မိဘပစ်သွားတဲ့ကလေးလဲရှိပါသေးတယ်။
    ဒီအိမ်လေးကို ကြည့်ရှုပေးတဲ့ သူတွေက မပ်()ဖော်ဒေးရှင်း ၊ဆရာမကြီး မစိန်ထောင်း နဲ့ မကြယ်လို့ အဓိပါယ်ရတဲ့ ဖိဒေါင်းပါ၊ တအူတုံဆင်းတွေတောင် စိတ်သဘာဝ မတူကြသေးတာ၊ ဒီလိုနာကျင်နေတဲ့ သူတွေကို အုပ်ချုပ်ရတာ၊ ကြည့် ပေးရတာလဲ ပင်ပန်းမှာပါ။ သီးခံနိုင်မှု၊ စိတ်ရှည်မှုလဲ ရှိမှသာ ဒီတာဝန်တွေ ထမ်းနိုင်ကြမှာပါ။
   အဂါပေ Agape (တစ်ဖက်သတ် သူ့အကျိုးကိုလိုလားပြီး၊ အသက်ပေးလောက်အောင် ချစ်တဲ့မေတ္တာ လို့ အဓိပါယ် ရပါတယ်) ဆိုတဲ့ ဘုရားကျောင်းက ဦးစီးပြီး တစ်ပတ်တစ်ခါ ဒီလူနာအိမ်လေးကို ကယ်တင်ခြင်း သတင်းကောင်း ဝေငှ ဖို့သွားပါတယ်။ ဓမ္မတေးတွေ ဆိုတယ်၊ ကျေးဇူးတော် ချီးမွမ်းတယ်၊ ဘုရားသခင် ရှိတယ် ဆိုတာ သိဖေိုဝေငှတယ်။                        ဘုရားဆိုတာ လူမတတ်နိုင်တဲ့ အရာတွေကို လုပ်ပေးတယ် ဆိုတာတွေ သိစေဖို့ နေပူနေပါစေ၊ မိုးရွာပါလေစေ သွားကြ တော့ အချိန်တစ်ခုမှာ လာနေကျ လူနာတွေနဲ့တောင် ရင်းနှီးမှု ရှိလာပါပြီ။ တစ်ခါတစ်လေမှာ အိမ်ပြန်သူတွေများပြီး လူနာ အိမ်လေးက ခြောက်ကပ်ကပ်နဲ့ လူနာနည်းတတ်ပါတယ်၊ ဒါကလဲ သက်သာလို့ ပြန်ရတာ ပဲ လို့သူတို့အတွက် ဝမ်းသာ ပေးသလို၊ သူတို့တွေ ပြန်လာတာတွေ့ရင် ဝမ်းသာရတာလဲ သူတို့ဖက်ကရော ကိုယ့်ဖက် ရောပါ။
ဘယ်လိုပဲ ဖြစ်နေပါစေ၊ တနင်္ဂနွေရဲ့ နေ့လည်ပိုင်း( ၁း၃၀) နာရီ ကနေ (၃း၃၀) နာရီ လောက်အထိကို ခရီးထွက်လို့မရှိ ချိန်နဲ့ အမျိုးသမီး အစည်းအဝေး ရှိလို့ မသွားနိုင်ချိန်က လွဲရင် အပတ်တိုင်းလိုက် ဖြစ်ပါတယ်။
  ဆေးရုံ ဆိုတဲ့ နေရာမျိုးကို လူတော်တော်များများ က မတတ်သာလို့သာသွားနေရတာပါ၊ ကျန်းမာနေတဲ့ လူကောင်းတွေ တောင် ဆေးရုံထဲဝင်မိရင် စိတ်နှလုံးမချမ်းမြေ့လွန်းလို့ မသွားလိုကြပါဘူး၊  ဘယ့်နှယ်ကြောင့် ဒီနေရာလေးကို တစ်ပတ်မှ မပျက်ပဲ သွားချင်ရတာလဲ၊ အိမ်အပြန်လမ်းမှာ အဖျားတက်သူရဲ့မျက်နှာတွေ၊ ကိုယ်လက်အဂါင်္ချွတ်ယွင်းနေတဲ့ ကလေး တွေရဲ့ မျက်နှာတွေ စွဲပါလာပြီး စိတ်မကောင်းစရာတွေပဲ၊  ဒါဆို ဘာကြောင့် ဒီလူနာအိမ်ကို ဘာရည်ရွယ်ချက် ကြောင့် လိုက်သွားနေရတာလဲလို့ ကျမကိုသာ မေးခဲ့ရင် သူတို့တွေကို ပျော်ရွှင်စေချင်တဲ့ ဆန္ဒရယ်၊ ငြိမ်သက်ခြင်းပေးခဲ့တဲ့ အရှင် ကိုသိစေချင်လို့ပါ။                   
  လူတစ်ယောက်ရဲ့ဝေဒနာကို တစ်ယောက်က ထပ်တူ မခံစားပေးနိုင်ပါဘူး၊ တစ်ခါတစ်လေမှာ ငိုကြွေးနေ သူတွေ့ ရင်သူတို့နဲ့ အတူမျက်ရည်ဝဲလာပြီး ဘယ်လို နှစ်သိမ့်ရမှန်း မသိအောင်ဖြစ်ရပါတယ်။ ဒါပေမယ့် “ဝန်လေး၍ပင်ပန်း သောသူအပေါင်းတို့ငါ့ထံသို့လာကြလော့၊ငါသည်ချမ်းသာပေးမည်။(ရှင်မဿဲ ၁၁း၂၈)” ဆိုတဲ့ဂတိပေးထားတဲ့ ဘုရား ရှိပါတယ်။
 ကယ်တင်ရှင်ယေရှုကတော့ သူ့ကို မြည်းစမ်းရုံလေး မြည်းကြည့်ပါတဲ့။ တစ်ခါတစ်လေမှာ လွယ်လွန်း အားကြီး တော့ လူတွေမှာ ယုံရခက် တတ်ပါတယ်။ အလေးမထားပဲ နေတတ်ပါတယ်။ သခင်ယေရှုကကားတိုင်မှာ သူခံခဲ့ ရတဲ့ ဒဏ်ရာ ဒဏ်ချက်အားဖြင့် အနာရောဂါ ပျောက်လျှက်ရှိပြီ (ဟေရှာယ ၅၃း၅)မှာ ပြောခဲ့ပြီ။ ဒီဂတိလေးကို လက်ခံ ယုံကြည် သူ တွေ ပျောက်ကင်းသွားခဲ့ပြီ၊ သက်သေတွေလဲ အများကြီးပါ၊ ဘုရားသခင်က သူဖန်ဆင်းတဲ့ လူတိုင်းကို ပေးတဲ့ဂတိဖြစ် လို့ အားလုံးကို သိစေချင်တာပါ။
    ခုဘဝရဲ့ နာကျင်မှုကို ပျောက်စေမယ်၊ နောင်ဘဝထိ တာဝန်ယူပါတယ်လို့ဆိုသူကို သိစေချင်တာပါ။ ဆရာတွေ၊ ဆရာမ တွေနဲ့ အတူသွားတဲ့ သူတွေအားလုံးက ဘုရားရဲ့မေတ္တာကို ဝေငှတယ်။ ဝိုင်းဆုတောင်း ပေးကြပါတယ်။
    ဝေဒနာ ဆိုတာကို ကာယကံရှင်နဲ့ အတူထပ်တူ မခံစားပေးနိုင်သလို လူလူချင်း ကိုယ်စားလဲ ဝင်ရောက်လုပ်ပေးလို့ မရ နိုင်တဲ့ ဒီလက်ခံယုံကြည်မှုကလဲ သူတို့ကိုယ်တိုင် လုပ်ရမယ့် အရာတွေပါ။ မသိသေးတဲ့ သူတွေကို သိလာအောင်ပြောပြရုံ၊ ဆုတောင်းပေးရုံ သာတတ်နိုင်ပါတယ်။ ဘုရားရှင်ပေးတဲ့ ကောင်းချီးကို ကြွယ်ဝစွာ ခံစားနိုင်ခွင့် ရကြပါစေ။

    

0 comments:

แสดงความคิดเห็น

จำนวนการดูหน้าเว็บรวม

 
Copyright (c) 2010 ပိတောက်. Design by WPThemes Expert

Themes By Buy My Themes And Web Hosting Reviews.