စိတ်ဒုက္ခ
အသက်တစ်ရာ မနေရပေမင့်
အမှုတစ်ရာ ကြုံရတာမို့
ပေဖြစ်တော့ ခံရတာပ
ကိုယ့်ဒုက္ခ။
မကောင်းတာတွေ
နှစ်ဟောင်းမှာ ကုန်ပလေ့စေတော့
သူသူကိုယ်ကိုယ်ကြုံကြတာပ
ပေါ့ပေါ့ပါးပါး
ဒါလေးများ ..တဲ့။
အတွေ့ကြုံရယ်တဲ့အသစ်လို့
အားတင်းကာထားပေမင့်
ခလုတ်ထိတော့ ကောက်ရိုးလဲဆွဲရတာပ
ကိုယ့်ဒုက္ခ။
ဇာတ်နာအောင် ထပ်ရစ်လို့
မပြချင်ပါဘု
စာရွက်ဆိုလဲ ဆွဲဆုတ်ချင်တာပ
စောင်းလို့တောင်မကြည့်ချင်တဲ့
ကိုယ့်ဒုက္ခ။
5 comments:
စိတ်ဒုက္ခ ခံစားမှုကို ဘယ်ဒုက္ခမှ လိုက်လို့မမှီဘူး ပိတောက်ရေ။
နှစ်သစ်နဲ့အတူ ဒုက္ခအပေါင်း ငြိမ်းအေးပြီး
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်ဝပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
(အဆင်မပြေတဲ့)ကိစ္စအားလုံး..ပြာချပြီး
မေ့လိုက်ပါတော့နော်း))
တဂ်ပို့စ်တစ်ပုဒ်ရေးဖို့ရှိပါတယ်
ပြီးရင်.တဂ်မှာနော်း)
မရေးပေးရင်.ခေါ်ဝူးးး :P
ချမ်းမြေ့ပါစေရှင်
အမြန်ဖတ်လိုက်တာ ချစ်ဒုက္ခ တဲ့ (သန်ရာ သန်ရာပေါ့လေ)
ပြီးမှ ဟုတ်သေးပါဘူး စိတ်ဒုက္ခဆိုပဲ။
ညစ်နေရင် ဘန်ကောက်ဆင်းလာလေ :)
ဟုတ်ပါ့ ပိတောက်ရေ
အသက်တရာ မနေရဘူးနော်
အမှုတွေ တစ်ထောင်မကပါပဲ
ဟုတ်တယ် တီတင့်ရေ ဘာနဲ့မှ နှိုင်းလို့မရအောင်ပဲ
တစ်ခေါက်လောက်စိတ်ပြေလက်ပြေစမ်းကြည့်တာပေါ့ သမီးစံရေ
သူငယ်ချင်းတစ်ယောက် ကိစ္စနဲ့ အဖော်လိုက်ပေးဖို့ရှိတယ်၊ တာချီလိတ်ပြန်မှာမို့မသေချာဘူးပဲပြောထားတယ် ခရစ္စတလ်ရေ ရောက်ဖြစ်ရင်ဝင်ခဲ့မယ်။
ဟုတ်ပါ့ဂျက်ရေ။ ဘယ်လိုပဲဖြစ်ဖြစ်အားလုံးကိုကျေးဇူးတင်ပါတယ်၊ အားလုံးလဲပျော်ရွှင်ချမ်းမြေ့ပါစေ။
แสดงความคิดเห็น