วันอังคารที่ 27 ธันวาคม พ.ศ. 2554

တာချှီလိတ်မြို့မှာ


           တာချီလိတ်မြို့ ကို အမေ၊မောင်နှမ တွေ သူငယ်ချင်းတွေနဲ့ တွေ့ရဖို့တစ်ခေါက်ပြန်ရောက် ခဲ့ ပါတယ်။ ချစ်ကြည်ရေး တံတားကြီးကိုဖြတ်ပြီး တာချီလိတ်ရောက်တာနဲ့ လမ်းတွေပြင်ထားလို့ ဖုန်မှုန့်တွေ တမြို့လုံးပါပဲ။ တစ်လနီးပါးလောက်ရှိပြီမို့ မြို့ထဲကလူတွေကို သနားမိပါတယ်။ လမ်းအပြင်မထွက်ဝံ့ လောက် အောင်ကိုပါပဲ။
    ကြုံချင်တော့ စိတ်ကူးချိုချို စာအုပ်တိုက်က စာအုပ်လာရောင်းတာနဲ့ တိုးပါတယ်၊ ကျမစာအုပ်တွေ ကြိုက်မှန်းသိတော့ ရုံးဆင်းတော့ ညီမလေးခေါ်သွားလို့ ရောက်ခဲ့ပါတယ်။ သူကိုယ်၌က စာအုပ်ကြိုက်ပေမဲ့ ကလေးငယ်လေးနှစ်ယောက်နဲ့မို့ စာအုပ်မဖတ်အားပါဘူး။ 

















         ဒါပေမဲ့လဲသူ့သမီးတွေအတွက်ပုံပြင်စာအုပ်လေးဝယ်ပါတယ်။ တစ်ခုကောင်းတာက ရိုက်ထားတဲ့ ဈေးနှုန်း အတိုင်းရောင်းတာပါပဲ၊ လိုချင်တာတွေများပါတယ်။ 
  တက်ကျမ်း၊ဘာသာပြန်၊ အချက်အပြုတ်၊ ကလေးစာစောင်၊ တရားဓမ္မစာစောင်၊ အဘိဠာန်၊ စကားပြန်၊ အစုံပါပဲ။ လိုချင်တာတွေထဲက နောက်ဆုံးတော့ သာဓုနဲ့ ဗန်းမော်တင်အောင်ရခဲ့ပါတယ်၊ ဒေါက်တာရေချမ်းကလွဲပြီး ဝတ္ထုတိုပေါင်းချုပ်က ခုမှဒုတိယအနေနဲ့ဖတ်ဖူးတာပါ။

5 comments:

jasmine(တောင်ကြီး) กล่าวว่า...

ဆရာကြီးသာဓုတို့ ဆရာကြီးဗန်းမော်တင်အောင်တို့က
အရမ်းကိုရှားသွားပြီနော် ၀ယ်လို့ရတာပဲကျေးဇူးတင်ရမယ်

mstint กล่าวว่า...

ရေငတ်သူရေတွင်းထဲကျတာပေါ့ ပိတောက်ရေ
တီတင့်ဆိုလည်းမကျတောင် ခုန်ဆင်းမှာပဲး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဇောင်း กล่าวว่า...

စာအုပ်လာရောင်းသွားတာမသိလိုက်ဘူးပဲ...
အပြင်မထွက်ဖြစ်လို့လားမသိ

ZaunG

Han Kyi กล่าวว่า...

စိတ်ကူးချိုချိုက အဲဒီလို လုပ်ပေးတာကောင်းတယ်...ဒီမှာလည်း တစ်နှစ်ကို တစ်ခါလောက်တော့ ဖြိုးသာရတို့ လာရောင်းတာပါပဲ...၅ ရာခိုင်နှုန်း လျှော့ပေးတော့ ၀ယ်ရတာ အဆင်ပြေတယ်...

သမီးစံ กล่าวว่า...

စာအုပ်ဆိုင်ဖက်တွေရောက်ပါတယ်။
အဟောင်းတန်းတွေလည်းမွှေတာပဲ
ဒါပေမယ့်..
ဘယ်စာအုပ်ကကောင်းတယ်
ဘယ်စာအုပ်ကဖတ်သင့်တယ်
ရွေးမတတ်ဘူးရှင့်း)

แสดงความคิดเห็น

 
Copyright (c) 2010 ပိတောက်. Design by WPThemes Expert

Themes By Buy My Themes And Web Hosting Reviews.