အလှုရှင်တွေပါ၊ BEAM က ကျောင်းသူကျောင်းသားနဲ့ အလယ်တန်းမှာထိုင်နေသူတွေက ဆရာ၊ဆရာမတွေ ဒိုနာ နဲ့ staff တွေပါ။
www.beamedu.org မှာ သွားကြည့်လို့ရပါတယ်၊ တချို့ကကျောင်းသား အဖြစ်ရှိနေပြီး တချို့ကတော့ တခြားရောက်နေကြပါပြီ။
စနေနေ့တိုင်းသွားလှုတဲ့ ဘန်ကောက်က Ah Kom (ညာစွန်း) ရဲ့ သူငယ်ချင်းတွေပါ၊ ကျောင်းပြီးတာ ၁၅ နှစ်ကျော်ခဲ့ပေမယ့် သူငယ်ချင်းတွေ တစည်းတဝေးထဲ ရှိကြတုန်းပါ၊ သူတို့ထဲမှာ တချို့တွေရဲ့အိမ်က ရေမြုပ်တုန်းပါ။
ဘန်ကောက်မှာရှားတဲ့ ဝက်ခေါက်ကျော်နဲ့ ပင်လယ်ရောညှိ၊ ကပ်စေးနှဲပါ၊ ကလေးတစ်ယောက်က ပင်လယ်ရေညှိကျော်မစားရတာ ၁ လကျော်ပြီတဲ့၊ အရမ်းဝမ်းသာလို့ ဟေးလို့ထအော်တာ ဝယ်သွားသူတွေကြည်နူးလိုက်ရတာ။
ဘေးအိမ်တွေ ရေမြုပ်နေတုန်းပါ။ ကံကောင်းတာ က ချောင်းဖြစ်လို့ ရေကြည်နေသေးတာပဲ။
ဘန်ဘောန် အလုပ်ရုံဖက်ပါ၊ များသောအားဖြင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေများပါတယ်။
တချို့လူတွေက လှေသေးသေးလေးနဲ့ လူတွေအသွားအပြန်ပို့ရင်းဝင်ငွေကောင်းနေပါတယ်။
ရေထဲကဖြတ်ပြီးအလုပ်ပြန်ကြပြီ။
ရေတက်ခဲ့တယ်ဆိုတဲ့ဖျက်ရခက်တဲ့သက်သေပေါ့။
ဒီလိုမလုံမခြုံပဲ ဖြစ်ပါစေ နေလို့ရသလိုနေကြသေးတယ်။
ကားသွားလို့မရအောင် ရေကြီးနေတာမို့ လှေချတယ်၊ ပစ္စည်းတင်ပါတယ်။
ရောက်ရောက်ချင်းမေးတာက ခြင်ဆေးပါသလားတဲ့၊ တီဗွီတွေ ကြည့်တိုင်း ရေနောက်ကြောင့်ခြင်တွေ ပေါက်နေတယ်ဆိုတာသိရက်နဲ့မေ့တဲ့ကိုယ့်ကိုယ်ကိုပဲအပြစ်တင်မိပါတယ်။ ကံကောင်းတာက သူတို့တွေ မှာ မီးသုံးလို့ရနေသေးတာပဲ၊ အိမ်မပြန်နိုင်သေးတာကြောင့် ဒီစုရပ်မှာလာနေကြတယ်၊ အတူပါတဲ့ မြို့ခံတွေ ကနောက်တစ်ခါလာရင်ယူလာပေးမယ်၊ လိုတာမှာရအောင် ဖုန်းနံပါတ်ပေးပါလို့လဲ တောင်းနေပါ သေးတယ်။
၁ မီတာခွဲ တက်ခဲ့ပြီး ခုကျသွားတာပါတဲ့။
ရှေးဟောင်းနေရာအဖြစ် သတ်မှတ်ထားတဲ့ဘုန်းကြီးကျောင်းပါ၊ (ဝပ်ဆင်) မှောင်ထဲမို့ သေချာမကြည့်ခဲ့ရ ပါဘူး၊ ကျယ်တော့ကျယ်ပါတယ်၊ ကစားကွင်းတွေလဲတွေ့ပါတယ်၊ ဒီကျောင်းကစုရပ်ရဲ့နောက်ကပါ၊ မသဂြိုလ် ရသေးတဲ့ အလောင်းလဲ ၃ လောင်းရှိပါသေးတယ်၊
ပထမစုရပ်ကပါ၊ သူတို့ပဲလှေနဲ့ ကားနားထိရောက်အောင်ပြန်ပို့ပေးပါတယ်။
ဘုန်းကြီးကျောင်းဝင်းထဲမှာပါ။
လမ်းကမှောင်တယ်၊ ဒီအောက်ကနေဖြတ်သွားရသေးတယ်။
ဒွန်မောင်းလေဆိပ်ဝန်းကျင်ပါ၊ ကုန်းကျော် (အမြန်) တံတားပေါ်ကနေကြည့်ရတာပင်လယ်ပြင်လိုပါပဲ။
အပင်တွေ ပင်လုံးကျွတ်သေပါတယ်။
ကဲ ဘယ်တော့ရေကျမှာတဲ့လဲ၊ ရေတွေပုတ်နံကုန်ပြီ။
သူတို့လို ကားလမ်းဘေးနေတဲ့သူတွေတော်ပါသေးတယ်၊ ဟိုး အတွင်းဘက် ပိုင်းမှာရေတွေကြီးနေတုန်း ပါတဲ့၊ လူတွေရောက်ဖို့လဲခက်ပြီး ကူသူမဲ့နေတဲ့သူတွေ အများကြီးပါ၊ ခုထက်ထိလဲ ဘယ်အကူညီမှ မရောက်သေးတဲ့နေရာတွေကျန်ပါသေးတယ်။
လူတွေမှာဒုက္ခရောက်လာမှမိတ်ဆွေကောင်းပေါ်ပါတယ်၊ ဒီလိုအချိန်မှာပဲ ရှာတွေ့နိုင်ပါတယ်၊ ရေကြီးမှုကြောင့် စိတ်ဓါတ်မခိုင်မာပဲသတ်သေတာ၊ စီးပွားပျက်တာ၊ ချေးငှားပြီးလယ်စိုက်တာရေကြီးလို့ စပါးတောင်မရိတ်လိုက်ရပဲ ဆုံးရှုံးကုန်တာ၊ ကျွဲကောသီးခြံတွေပျက်စီးတာ၊ ရေဖောက်ထုတ်မယ်၊ မထုတ်ဘူးအငြင်းပွားတာ၊ မီးမရှိလို့ အိမ်ထားသွားတာ သူခိုးဝင်ဖောက်တာ၊ ငါးဝင်မျှားတာ၊ ကုန်စုံဆိုင်ပစ္စည်းဝင်ခိုးတာ များမှများပဲ၊ ဒီထဲမှာပစ္စည်းတွေလှောင်အမြတ်များများနဲ့ထုတ်ရောင်း စတဲ့ အမြတ်ကြီးစားတွေလဲဒုနဲ့ဒေးပါ၊
ရှိုး ပွဲတွေလုပ်၊ အကျီင်္တွေရောင်းပြီး ရလာတဲ့အလှုတွေကို ရေဘေးဒုက္ခသည်တွေကိုလှုတဲ့ပွဲတွေလဲအ
များကြီးပါ။ ဘယ်လိုပဲဖြစ်ဖြစ် ထိုင်းကရေဘေး ခံရသူတွေအမြန်ဆုံး ဒီဒုက္ခကကင်းဝေးဖို့ အမြန်ဆုံးပြန် လည် ကောင်းမွန်လာဖို့ ဝိုင်းဆုတောင်းပေးရအောင်လား။
3 comments:
ပိတောက်ရေ ရေကြီးတဲ့ ပုံတွေ လင့်ထားချင်တယ် ခွင့်ပြုမလားဟင်။
လုပ်အားပေးသွားရတာ ပျော်စရာလည်း ကောင်း၊ စိတ်မောစရာလည်း ကောင်းမှာပဲနော်။
ရပါတယ်၊ Crystal ပြောသလိုပါပဲ၊ ဒါပေမယ့် စိတ်ချမ်းမြေ့ကပိုတယ်။
ရေကြီးနေတဲ့ နေရာဒေသကို ကိုယ်တိုင်ရောက်သွားသလိုပဲ ပိတောက်ရေ။
ရေက တရိပ်ရိပ်ပြန်ကျနေတယ်ဆိုပေမယ့်လည်း အပျက်အဆီးတွေနဲ့အတူ
အနံ့အသက်တွေ အတော်လေးဆိုးနေလောက်ပြီပေါ့နော်။
မွန်မြတ်တဲ့ စိတ်ထားလေးတွေနဲ့ လုပ်အားပေးအဖွဲ့ကို လေးစားမိတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
แสดงความคิดเห็น