วันพุธที่ 12 ธันวาคม พ.ศ. 2555

                                         ၂၀ ၁၂   ကြိမ်မြောက်မွေးနေ့





     တစ်ခါတုန်းက အမျိုးသမီးတစ်ယောက်ရဲ့ ခြံထဲကို ဆောင်းတွင်းကာလမှာ အသိုက်ပြောင်းလာတဲ့ ဘဲတစ်အုပ် ကျလာခဲ့တယ်။ မုန်တိုင်းမိ လာပုံရပြီး စိုစွတ်ဆာလောင်လာတဲ့ ဘဲတွေကို သနားတာ ကြောင့် သူမရဲ့ကားဂိုဒေါင်ထဲသွင်းဖို့ကြိုးစားပါတော့တယ်။

    ဒါပေမယ့် ကြောင်ရွံ့တဲ့ ဘဲအုပ်တွေက နားမလည်ပဲ မောင်းထုတ်တယ်လို့ထင်ပုံရတာကြောင့် သူမကြိုးစားပြီး ကားဂိုဒေါင်ထဲ မောင်းသွင်းလေ၊ ဘဲအုပ်တွေမှာ ကြောက်လို့ပြေးလေနဲ့ ပိုဆိုးကုန် ပါတော့တယ်။

 သူမရဲ့စိတ်ထဲ ခံစားမိတာက အကယ်၍ ငါသာ သူတို့နဲ့မျိုးတူမယ်၊ သူတို့နားလည်တဲ့ စကားနဲ့ ရှင်း ပျြနိုင်မယ်ဆိုရင် ဘယ်လောက်ကောင်းလိမ့်မလဲ၊ သူတို့ရဲ့အသက်ကို ကယ်တင်နိုင်မှာပဲ ဆိုတဲ့ဆန္ဒ ဖြစ်ပေါ်မိတယ်။

   ဒီအချိန်မှာ သူအမြဲတန်း အားမလို၊ အားမရ ဖြစ်ခဲ့တဲ့ ယေရှု ကိုပါစဉ်းစားမိသွားတယ်၊ ဘုရား ပါလို့ပြောရက်သားနဲ့ ဘာလို့ကားတိုင်မှာ မရှုမလှခံခဲ့ရတာလဲ၊ ခုလိုအသေမခံပဲ တန်ခိုးတွေနဲ့ ပဲ လာကယ်ပါလားလို့ အမြဲတွေးမိတဲ့ အဖြစ်ကို သတိရတယ်၊ ဒီဘဲအုပ်တွေကို ကယ်ချင်တဲ့စိတ်နဲ့ ဘဲ တွေလိုတူချင်စိတ်၊ ဘဲတွေ စကားနားလည်ချင်တဲ့စိတ်က ကယ်တင်ရှင်ဘုရားကလူ့ဇာတိ အဖြစ်ကို ယူပြီး၊ လူတွေကို ကယ်တင်ဖို့ဘုရားအဖြစ်လူ့အဖြစ်နဲ့ လူ့လောကကို ဆင်းကြွလာခဲ့တာကို သဘော ပေါက်လာခဲ့တဲ့ အချိန်မှာ ဘုရားသခင်ကို ကျေးဇူးတင်တတ် လာခဲ့တယ်။

    ဘုရားရှင်က ဘုရားဇာတိ၊ လူ့ဇာတိကိုယူပြီး လူ့လောကကို ဆင်းကြွလာတယ် ဆိုတဲ့အတိုင်းပဲ ဘုရားရှင်ရဲ့တန်ခိုးတွေပြခဲ့ပါတယ်၊  မွေးကတည်းက မျက်စိကန်းသူ၊ ခြေမစွမ်းသူ၊ ခါးကုန်းနေသူ၊ နေမကောင်း မကျန်းမာသူတွေ၊ အနာရောဂါ အမျိုးမျိုး စွဲကပ်နေသူတွေ၊ နတ်ဆိုးဝင်သူတွေ၊ နူနာစွဲသူ တွေကို ကုသခဲ့ပါတယ်၊

  ဒါ့အပြင်သေသွားပြီလို့ငိုကြွေးနေသူကြားက သေသွားသူကိုပြန်လည် ထ မြောက်စေခဲ့သလို အလောင်းမြုပ်ဖို့သွားတဲ့ မုဆိုးမရဲ့တစ်ဦးတည်းသော သားကိုတွေ့ပြီး သနား စိတ်နဲ့ ပြန်ရှင်စေခဲ့သလို၊ သဂြိင်္ုလ်ပြီး ရက်ရှိလို့ ပုတ်နေတဲ့သူကို တောင်ပြန်ရှင်လာအောင် စွမ်း ဆောင်ပေးခဲ့ပါတယ်။

     လူတွေကို ထိတွေ့ပြီးကုသ သလို၊ အမိန့်(နှုတ်ထွက်) စကားနဲ့လဲ ဆောင်ရွက်ခဲ့ပါတယ်၊ တပ်မှူးရဲ့ လက်အောက်ငယ်သားကို အဝေးက ကျန်းမာစေလို့မိန့်ရုံနဲ့ ကျန်းမာသလို၊ သား သေခါနီးလို့ လာခေါ်တဲ့ ဖခင်တစ်ယောက်ကိုတော့ သွားတော့၊ သင့်သား ကျန်းမာပြီလို့ဆိုတော့ ယုံကြည်ပြီး ပြန်သွားတဲ့ဖခင်ကို ခရီးဦးလာကြိုသူက သူ့သားကျန်းမာကြောင်း လာလျှောက်တယ်၊ ဘယ်အချိန်ကလဲလို့ မေးတော့ မနေ့ကခုနှစ်နာရီတဲ့၊ ဒီအချိန်က ယေရှုက သွားလော့ကျန်းမာပြီ လို့ ပြောတဲ့အချိန်ပါပဲ။

   ဘုရားက သူ့နောက်ကို အနာငြိမ်းစေဖို့လိုက်သူတွေ၊ သူသင်ပြတဲ့တရားဒေသနာတွေကို လိုက်နား ထောင်သူတွေ၊ နမိတ်လက္ခဏာ တွေကို မြင်ချင်လို့လိုက်သူတွေ၊ သူ့ရဲ့မှားကွက်တွေ လိုက်ရှာ ဖို့ လိုက်သူတွေ၊ ဘယ်လို အကြောင်းကြောင့် လိုက်ပါစေ၊ အစာရှာရခက်တဲ့ နေရာမှာ လူအုပ်ထဲက ကလေးလေးတစ်ယောက် ဆီမှာသာ ကျန်တော့တဲ့ မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်အားဖြင့် လူပေါင်း (၅၀၀၀ ယောကျာင်္း၊ မိန်းမနှင့် ကလေး အရေအတွက်မပါ) တို့ကို ကျေးဇူးတော်ချီးမွမ်းလျက် ဆု တောင်းပြီး မုန့်ဖဲ့ဝေငှစေတာ အားလုံးဝလင်စွာစားရတဲ့ အပြင် ၁၂ တောင်း ပိုကျန်ပါတယ်၊  

  နောက် တစ်ကြိမ် သူ့နောက် တကောက်ကောက် လိုက်သူတွေဟာ  မြို့နဲ့ အလှမ်းဝေးတဲ့ တော အရပ်ထိ လိုက်ကြပြီး ၃ ရက်လောက် သူ့နဲ့အတူရှိရာ ကနေ ပြန်လွှတ်မယ့် အချိန်မှာ စားစရာမရှိပဲ ပြန်လွှတ် ရမှာ၊ လမ်းမှာ မောမှာ စိုးတာကြောင့် ရှိတဲ့ စားစရာယူခဲ့လို့ ပြောချိန်မှာတော့ မုန့်ခုနှစ်လုံးနဲ့ ငါး ကောင်လေး အနည်းငယ်သာ ရှိပါတယ်၊ ရှိသမျှ ယူပြီး ကျေးဇူးတော်ချီးမွမ်းတယ်၊ မုန့်နဲ့ငါးကို ဖဲ့ပြီး ကျွေးမွေးတဲ့အခါမှာ ဝလင်စွာ စားရတဲ့အပြင် ကျန်တာကောက်သိမ်းတာ ခုနှစ်တောင်း  အပြည့်ရှိ ပါတယ်၊ စားသောက်သူက ယောကျာင်္းသားကြီး ၄၀၀၀ ဖြစ်ပြီး မိန်းမနဲ့ကလေးမပါပါဘူး။

    ဒါတွေက ပုံပြင်မဟုတ်ပါဘူး၊ တကယ်ဖြစ်ခဲ့တာပါ၊ ယေရှု တကယ်မွေးဖွားခဲ့တာ၊ ဒီ လိုဖြစ်ခဲ့တာ တွေကို သူမွေးဖွားခဲ့တဲ့ နေရာ၊ သူသွားလာခဲ့တဲ့ နေရာနဲ့သူ့နောက်လိုက်ဆဲရှိသူတွေ နဲ့ သူ့ သမိုင်း ကြောင်းတွေနဲ့ ခရစ်သက္ကရာဇ် ၂၀၁၂ ခု က သက်သေခံနေဆဲပါ။

    လူ့လောကမှာ တပည့်တော်တွေကို သူကြွဆင်းလာတဲ့ ကောင်းကင်ဘုံ အကြောင်းပြောပြခဲ့တယ်၊ သူရှင်ပြန်ထမြောက် လာသလို သူ့လိုလူတိုင်းကို ရှင်ပြန်ထမြောက် စေလိုတဲ့ဆန္ဒရှိတယ်၊ ဒါကြောင့်လဲ နေရာအနှံ့အပြားကို ဧဝံဂေလိ ဆိုတဲ့သတင်းကောင်းကိုပြောစေဖို့အလိုရှိခဲ့တယ်၊ သူကောင်းကင်ဘုံ တက်ကြွသွားတာလဲ ကျွန်ုပ်တို့ သူနဲ့တဖန်ပြန်လာနေဖို့ အခန်းတွေ သွားပြင်ဆင်ခြင်း ဖြစ်ပါတယ်။

   ကျွန်ုပ်တို့တွေ ကုသိုလ်ကောင်းမှုလုပ်လုပ်၊ မကောင်းမှုက ပိုလုပ်မိတတ်ပါတယ်၊ တခါတလေ မရည်ရွယ်ပဲ  လုပ်မိတာ ဖြစ်သလို၊ တခါတလေမှာတော့ စိတ်ထဲကနေ ပြင်းထန်စွာ ဒေါသထွက်မိ တာလဲ မကောင်းမှုပါပဲ၊ လိုချင်တပ်မက်တာ၊ ရယူပိုင်ဆိုင်လိုတာ၊ စိတ်ကတဒင်္ဂလေး ဖြစ်ပေါ် သွားတာတောင် အပြစ်ဖြစ်နေတာ ကိုယ့်ကောင်းမှုက ကိုယ့်ကိုယ် ကယ်နိုင်ပါအုံးမလား၊ လှူဒါန်းတယ် ဆိုရာမှာလဲ စိတ်ကလေးက တန်ပြန်ရယူလိုမှုနဲ့လှူတာတို့ ၊ သူ့ကိုတော့ဖြင့် မကြည်ဖြူလိုက်တာ လို့ စိတ်ကလေးဝင်ကြည့် ဘယ်လိုလုပ်ကုသိုလ် ဖြစ်နိုင်ပါတော့မလဲ။ ကျောက်ခဲတစ်လုံးကို ဘယ်လောက် အရှိန်ပြင်းပြင်းနဲ့ပေါက်ကြည့် အရှိန်ကုန်တော့ ရပ်သွားတာပါပဲ။

    ဘာသာက ဘာလုပ်ရင် ဘာဖြစ်မယ်ဆိုတာကို မီးမောင်းထိုးပြပါတယ်။ လုပ်နိုင်ရင်လုပ်၊ မလုပ်နိုင် ရင်သွားရမဲ့ နေရာက ငရဲပါပဲ။ စွဲချက် တင်ထားပြီးသားပါပဲ၊ ဒါပေမယ့် ယေရှုက ကားတိုင်ပေါ်မှာ အမှု ပြီးပြီလို့ ပြောသွားခဲ့ပါပြီ၊ ကျွန်ုပ်တို့ရဲ့ အပြစ်ကြွေးတွေကိုကားတိုင်မှာ သွေး၊ ချွေးနဲ့ ရင်းပြီးသူ ဆပ်ပေးသွားပါပြီ၊ ကိုယ်နဲ့မဆိုင်ပါဘူးလို့ဆိုဆို၊ မယုံစရာပဲလို့ပြောပြော သူကတော့ဆပ် ပေးသွား ခဲ့ပါပြီ။

   သူဆပ်ပေးတာ တကယ် ကိုယ့်အတွက်လို့လက်ခံ ယုံကြည်ရင် သူပေးတဲ့ ထာဝရအသက်နဲ့ ရှင်ပြန်ထမြောက်ခွင့် ကိုရပါလိမ့်မယ်၊

  ဒုက္ခ၊ အနတ္တ ဆိုတဲ့ သံသရာထဲ လည်နေမလား၊ငါ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်ယူမလား၊ ရွေးပါ။

  အေးငြိမ်းရာ လုပ်ရမဲ့တရားကို ပြသူကို ရွေးမလား၊ လုပ်ပေးမဲ့သူကို ယုံကြည်အပ်နှံမလား၊ ရွေးချယ် ခွင့်ရှိတုန်း အချိန်မနှောင်းခင် အကောင်းထဲက အကောင်းဆုံးကို ရွေးချယ်နိုင်ကြသူတွေ ဖြစ်ပါစေ။
   သူကြွလာတဲ့ရက်၊ သူ့မွေးဖွားလာတဲ့ရက်ကို ကျင်းပခဲ့တာ ၂၀၁၂ ကြိမ်ရှိခဲ့ပါပြီ၊ သူမွေးနေ့ကို ပျော်ရွှင်စွာ ကြိုဆိုကျင်းပသလို သူ့လို ရှင်ပြန်ထမြောက်ပြီး ထာဝရအသက် ရမယ်ဆိုတဲ့ ပေးထား တဲ့ဂတိ ကိုယူဖို့ခုချိန်မှာသူ့ကို ယုံကြည်ကိုးစားပြီး သူ့ရဲ့ ဒုတိယမြောက်ကြွလာမဲ့အချိန် (ချီဆောင်ခြင်း) မှာပါဝင်နိုင်ဖို့စောင့်မျှော်ကြပါစို့။

จำนวนการดูหน้าเว็บรวม

 
Copyright (c) 2010 ပိတောက်. Design by WPThemes Expert

Themes By Buy My Themes And Web Hosting Reviews.